Connect with us

News

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ   အောင်ဘာလေ သိန်းဆုခွန်အဖြစ် ငွေကျပ် ၁၁၇ ဒသမ ၉၈၃ ဘီလီယံရရှိထား 

ထီထိုးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ   အောင်ဘာလေ သိန်းဆုခွန်အဖြစ် ငွေကျပ် ၁၁၇ ဒသမ ၉၈၃ ဘီလီယံရရှိထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ဆင်ဟွာသို့ သြဂုတ် ၅ ရက်တွင်ပြောသည်။

“ပုံမှန် လစဉ်ထီရောင်းရတဲ့ အလုံးရေပေါ်မူတည်ပြီး ၆၀ ရာခိုင်နှုန်း ဆုမဲ အဖြစ်ပေးပြီး ၄၀ ရာခိုင်နှုန်းကို အခွန်ငွေ အဖြစ် ယူရာမှာ အဲ့ဒီရရှိတဲ့အခွန်တွေကို ပေါင်းပြီး ဇွန်လကုန်အထိ  အခွန် ငွေ ၁၁၇ ဒသမ ၉၈၃ ဘီလီယံ ရရှိထားတယ်။ ကျွန်တော်တို့ အနေနဲ့ ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာ နှစ်အတွက် သိန်းဆုခွန် ကို မူလ က ၁၆၅ ဘီလီယံလျာထားခဲ့တယ်။ COVID-19 ရောဂါကြောင့် ဧပြီလ မှာ မကုန်တဲ့ ထီလက်မှတ်တွေရှိခဲ့လို့ ဘီလီယံ ၁၆၀ ကိုပြောင်းလဲလျာထားခဲ့တယ်။ လျာထားချက်ပြည့်မယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

(၁၉) ကြိမ်မြောက် ငွေကျပ် ၁,ဝဝဝ တန် အောင်ဘာလေထီ ဆုမဲများတွင် အမြင့်ဆုံးဆု ငွေကျပ်သိန်း ၁၅,ဝဝဝ နှင့်အနိမ့်ဆုံးဆု ငွေကျပ် ၅ဝ,ဝဝဝ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။(၁၈) ကြိမ်မြောက် ငွေကျပ် ၁,ဝဝဝ တန် အောင်ဘာလေထီဖွင့်ပွဲတွင်  ထီလက်မှတ် များကို ‘က’အက္ခရာမှ အစဉ်လိုက် ‘ကဆ’ အက္ခရာအထိ စုစုပေါင်း အက္ခရာအလုံးရေ ၄ဝ ရောင်းချခဲ့ပြီး ထီစာအုပ် ၃,၂၇၂,၇၂ဝ မှ  ထီလက်မှတ်အစောင်ရေ ၃၅,၉၉၉,၉၂ဝ ရောင်းချနိုင်ခဲ့ကြောင်း  ပြည်တွင်းအခွန်များ ဦးစီးဌာန  အောင်ဘာလေ သိန်းဆုဌာနခွဲမှ  သိရသည်။

“သိန်းဆုခွန်က တော့ အရင်နှစ်ထက်ပိုများတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ က ထီလက်မှတ်ဈေးနှုန်းကို တစ်စောင် ၁,၀၀၀ အဖြစ်ဈေးမြှင့်လိုက်လို့ အခွန်ပိုရရှိတာပါ’’ ဟု၎င်းကဆိုသည်။စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် ထီဈေးကွက်တည်ငြိမ်ရေး နှင့် ဆုမဲများ ပိုမိုရရှိနိုင်ရေး ကိုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.