Connect with us

Social & Culture

တရုတ်-အာဆီယံ ယဉ်ကျေးမှု ပြပွဲကို လာမည့်မေလ တွင် တရုတ်နိုင်ငံနန်နင်မြို့၌ကျင်းပမည်

စင်ကာပူ အနုပညာရှင်များမှ နေပြည်တော်တွင် ကျင်းပသော ၂၀၁၄ ခုနှစ် တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ရေး ပိတ်ပွဲတွင် ဖျော်ဖြေတင်ဆက် နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်-အာဆီယံ ယဉ်ကျေးမှု ပြပွဲ ကျင်းပရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ တရုတ်နိုင်ငံ နှင့် အာဆီယံ (၁၀) နိုင်ငံ၏ ယဉ်ကျေးမှုဌာန နှင့် ကုန်သွယ်ရေးဌာနတို့သည် တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှ ကြီးမှူးကျင်းပသော ၂၀၁၅ ခုနှစ်ယဉ်ကျေးမှုပြပွဲ နှင့် ပထမအကြိမ် တရုတ် -အာဆီယံ ရုပ်ရှင်ပွဲတော်ကို ပါဝင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထိုပြပွဲများကို မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ နန်နင်မြို့တွင် ကျင်းပသွား မည်ဖြစ်သည်။

ယခုအကြိမ် ပွဲတော်သည် “တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ခြင်း ပိုမိုမြင့်တင်ရေးနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး ဖော်ဆောင်ရေး” အား အဓိကထား၍ ကျင်းပခြင်းဖြစ်သည်။

ပြပွဲတွင် ယဉ်ကျေးမှု ဖလှယ်ခြင်းအား အဓိက ဆောင်ရွက်မည် ဖြစ်ပြီး တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ခြင်းရလဒ် များကို ပြသသွားမည်ဖြစ်သည်။ထို့အပြင် ယဉ်ကျေးမှု အမွေအနှစ်များ ၊ယဉ်ကျေးမှု တီထွင်ခြင်းများ ၊ အနုပညာ လက်ရာများ၊ ရုပ်ရှင်နှင့် ကာတွန်းများ ၊သတင်းစာ ထုတ်ဝေမှုများ၊ ပန်းချီလက်ရာများ ၊ ကျန်းမာရေး ထိန်းသိမ်းခြင်းများ၊ ခရီးသွားလုပ်ငန်များနှင့် နည်းပညာ များကို ပြသသွားပါမည်။ ပြည်တွင်း၊ ပြည်ပ နှင့် အာဆီယံတို့အကြား ယဉ်ကျေးမှု ပေါင်းစပ်ဖလှယ်ခြင်း ကို ပိုမိုမြင့်တင်နိုင်ရန် အဓိကရည်ရွယ်ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု ဖလှယ်ခြင်းသည် မတူညီသော နိုင်ငံမှ မတူညီသော လူမျိုးများ ပူးပေါင်းစေရန် အတွက် တံတား တစ်စင်းကဲ့သို့ ဖြစ်သည်။ ပညာရှင်များ၏ အမြင်အရ ယခုပြပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများ ပူးပေါင်းမှု ကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအကျိုးပြု နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.