Connect with us

Social & Culture

တရုတ်-အာဆီယံ လူမှုဘဝ တိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညီလာခံ အား လာအို နိုင်ငံတွင် ကျင်းပ

(၉) ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဘဝ တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညီလာခံ တွင် တရုတ် နိုင်ငံ ကောင်စီ ဆင်းရဲနွမ်းပါးမှု ကူညီရေး ဌာန ဒုတိယ ဌာနမှူး ဟုန်ထန်းယွင်မှ အဖွင့် အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-www.GOV.cn.com)

ဗီယန်ကျင်း ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

(၉) ကြိမ်မြောက် တရုတ်-အာဆီယံ လူမှုဘဝ တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညီလာခံကို ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် လာအို နိုင်ငံ ဗီယန်ကျင်း မြို့တွင် ကျင်းပ ခဲ့သည်။ တရုတ် နိုင်ငံနှင့် အာဆီယံနိုင်ငံ များမှ အစိုးရ အဖွဲ့များ ၊ ပညာရှင်များ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ NGO အဖွဲ့အစည်းများ ၊ လုပ်ငန်း ကုမ္ပဏီ များနှင့် မီဒီယာများ စသည့် ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး “ငွေကြေး ဆိုင်ရာ ဆောင်ရွက်မှု ပြောင်းလဲရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြသည်။

ညီလာခံအား တရုတ် နိုင်ငံတော် ကောင်စီ ဆင်းရဲနွမ်းပါးမှု ကူညီရေးဌာနနှင့် လာအို နိုင်ငံ ကျေးလက် ဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကော်မတီတို့မှ ပူးပေါင်း ကျင်းပ ခဲ့ခြင်းဖြစ်သည်။ တရုတ် နိုင်ငံ ကောင်စီ ဆင်းရဲ နွမ်းပါးမှု ကူညီရေး ဌာန ဒုတိယ ဌာနမှူး ဟုန်ထန်းယွင်မှ ဖွင့်ပွဲတွင် အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ၂၀၀၇ ခုနှစ်မှ စတင်၍ တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံ များသည် နှစ်စဉ် အတူတကွ ပူးပေါင်း၍ လူမှုဘဝ တိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညီလာခံ ကျင်းပ ခဲ့သည်။ ညီလာခံ တွင် အတွေ့အကြုံများ ဖလှယ်၍ တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆက်ဆံရေး နှင့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အကျိုးရှိသော ညီလာခံ ဖြစ်သည်။

လာအို နိုင်ငံ ကျေးလက် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကော်မတီ ဥက္ကဌမှ လာအို နိုင်ငံ အစိုးရ အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လုပ်ငန်း ဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးရာ ဒေသများ အမြန်ဆုံး လျော့ကျလာရန် ဆောင်ရွက်နေကြောင်း ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆောင်ရွက်ရာတွင် နိုင်ငံ တကာမှ အကူအညီများ လိုအပ်သေးကြောင်း ၊ အထူးသဖြင့် တရုတ် နိုင်ငံ မှ အကူအညီများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ညီလာခံ ကျင်းပရာ နှစ်ရက်အတွင်း တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ၏ ငွေကြေးဆိုင်ရာ မူဝါဒ များနှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်မှု ပြောင်းလဲရေး မှတဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး များကို အဓိက ထားဆွေးနွေး သွားကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.