Social & Culture
အာဆီယံ ကလေးများပွဲတော် ဗီယက်နမ်တွင် ကျင်းပ

ဟနွိုင်၊ မေ ၃၀ ရက် (ဆင်ဟွာ)
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကလေးများပွဲတော်ကို ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကျင်းပနေပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ကိုးဖွဲ့နှင့် တရုတ်၊ တောင်ကိုရီးယားနိုင်ငံမှ ကလေးငယ်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ဒုတိယအကြိမ် ပြုလုပ်သည့် ပွဲတော်၏ ဆောင်ပုဒ်မှာ “စူးစမ်းရှာဖွေခြင်း ခရီး” ဟူ၍ အမည်ပေးထားပြီး တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ ကလေးငယ်များက ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ကြောင်း ဟနွိုင်းမွိုင် (New Hanoi) သတင်းစာက မေလ ၃၀ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ ပွဲတော်၌ ပါဝင်တက်ရောက်လာသည့် နိုင်ငံများမှ ကလေးငယ်များ၏ အနုပညာမြောက် တင်ဆက်ပြသမှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်မည် ဖြစ်ကြောင်း ဟနွိုင်းမွိုင်က သတင်း တင်ပြထားသည်။
အဆိုပါ ပွဲတော်အား မေလ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၃ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)