Connect with us

China

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော ဆိပ်ကမ်းမြို့တော် စီမံကိန်းကို မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး အစိတ်အပိုင်း တစ်ခုအနေဖြင့် သီရိလင်္ကာနိုင်ငံမှ ရှုမြင်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မဟာဆိပ်ကမ်း မြို့တော် စီမံကိန်း ပုံစံငယ် (ဓာတ်ပုံ- အင်တာနက်)

ကိုလံဘို၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ အစိုးရသစ်သည် တရုတ် နိုင်ငံမှ အမေရိကန် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ရင်းနှီး မြှုပ်နှံထားသော မဟာဆိပ်ကမ်း မြို့တော် စီမံကိန်းကို မြို့တော် ကိုလံဘို ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရသစ် အနေဖြင့် နောင်လာမည့် ငါးနှစ်အတွင်း သီရိလင်္ကာနိုင်ငံကို အဆင့်အတန်းနှင့် နည်းပညာပိုင်း ဆိုင်ရာ မြင့်မားသော နိုင်ငံအဖြစ် မြှင့်တင်သွားရန် ဆန္ဒရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့် ဆောင်ရွက်မည့် ဆိပ်ကမ်းမြို့တော် စီမံကိန်းသည်လည်း ၎င်းတို့၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကြောင်း မြို့ပြနှင့် အနောက်ပိုင်း ပြည်နယ် ဖွံ့ဖြိုးရေး ဝန်ကြီး ပါတာလီ ချန်ပီကာ ရာနာဝါကာ မှ အင်္ဂါနေ့တွင် ဆင်ဟွာ သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်းကို တရုတ်နိုင်ငံ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူခဲ့သော်လည်း စီမံကိန်းနှင့် ပတ်သက်သော စိုးရိမ်မှုများ မြင့်တက်လာပြီးနောက် မတ်လတွင် စီမံကိန်းကို ရပ်နားခဲ့သည်။

သို့သော်လည်းပဲ အစိုးရမှ ယခုအခါ စီမံကိန်း၏ အချို့သော လိုအပ်ချက်များကို ပြန်လည် သုံးသပ်နေပြီး စီမံကိန်း ပြန်လည် အကောင်အထည် ဖော်နိုင်ရေးကို မျှော်လင့်နေကြောင်း ရာနာဝါကာမှ ပြောကြားခဲ့သည်။

“အချို့ ကိစ္စလေးတွေကို ဖြေရှင်းပြီးတာနဲ့ ကိုလံဘိုမှာ ရှိတဲ့ ဒီဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကြီးကို ဘယ်သူမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အခု ချို့ယွင်းချက်တွေကို အဖြေ ရှာနေပါတယ်။ ပြီးတော့ စီမံကိန်း အဖွဲ့အစည်းကိုလဲ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကဲဖြတ်မှုတွေကို လုပ်ဆောင်သွားရန ်ညွှန်ကြား ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့လဲ ဥပဒေရေးရာနှင့် လူမှုရေး ကိစ္စရပ်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်”လို့ ဝန်ကြီးမှ ပြောကြား ပါတယ်။

နှစ် (၃၀) ကြာမြင့်သော ပြည်တွင်းစစ် အပြီး လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီ ထောက်ပံ့ ပေးနိုင်သည့် အကြီးမား ဆုံးသော ရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း အစိုးရသစ်မှ ပြောကြားခဲ့သည်။ လက်ရှိ အစိုးရ အသစ်သည် လွန်ခဲ့သော လတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ အနိုင ်ရရှိခဲ့သော ပြည်ထောင်စု အမျိုးသား ပါတီ (UNP) မှ ဖြစ်သည်။

တရုတ်နှင့်သီရိလင်္ကာ တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆယ်စုနှစ်များစွာ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ပြုလုပ်ခဲ့ကြကြောင်း၊ ယခုအခါ တရုတ်သည ်ကုန်သွယ်ရေး၊ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ နိုင်ငံ၏ အကြီးဆုံး မိတ်ဖက် နိုင်ငံ ဖြစ်လာကြောင်း ဝန်ကြီးမှ ပြောကြား ခဲ့သည်။အစိုးရသစ်သည် နိုင်ငံကို နောင်လာမည့် နှစ်များအတွင်း နည်းပညာပိုင်း ဆိုင်ရာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်ဟု ကတိသစ္စာ ပြုခဲ့သည်။ ရာနာဝါကာမှ ထိုသို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရာ၌ ပြည်ပ ရင်နှီးမြှုပ်နှံသူ များစွာ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးမှ ဆက်လက်၍ နိုင်ငံကို ကောင်းမွန်သော ပြောင်းလဲမှုများ ပြုလုပ်ရန် အာရုံစိုက် ဆောင်ရွက်နေကြောင်း၊ မြို့ပြ စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အနောက်ပိုင်း ပြည်နယ်ကို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ရေရှည် တည်တံ့သော မြို့တော်ကြီးအဖြစ် ပြောင်းလဲ လိုကြောင်းနှင့် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် အာဏာပိုင် အဖွဲ့အသစ်ကို မကြာခင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)