Connect with us

China

တရုတ်နိုင်ငံ တာယာ ထုတ်လုပ်ရေးက ဗီယက်နမ် နိုင်ငံတွင် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်

Vietnam နိုင်ငံရှိ Sailun ကုမ္ပဏီအား တွေ့ရစဉ် (ဓာတ်ပုံ- Sailun Vietnam Website)

ကျိနန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တာယာ ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Sailun ကုမ္ပဏီ က ၎င်း၏ ရုံးခွဲသည် ဗီယက်နမ်နိုင်ငံ တွင် တာယာ ထုတ်လုပ်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်း ပြည်နယ် အခြေစိုက် Sailun ကုမ္ပဏီသည် ရှန်ဟိုင်း စတော့ ဈေးကွက်တွင် ပါဝင်သူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖွင့်ပွဲတွင် ၎င်းမှ အဆိုပါ ရင်းနှီးမြှုပ်နှံမှု အား ဗီယက်နမ် နိုင်ငံ၌ ထုတ်လုပ်မှု လုပ်ငန်းများ ပိုမို တည်ဆောက်နိုင်ရန် အတွက် အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆောက်လုပ်ရေး ကာလသည် သုံးနှစ်ကြာမြင့်မည် ဖြစ်ပြီး ပြီးစီးသွားပါက all-steel radial အမျိုးအစား တာယာ ၁.၂ သန်းနှင့် off-the-road အမျိုးအစား လမ်းကြမ်းသွား တာယာ တန်ချိန် ၃၀,၀၀၀ နှစ်စဉ် ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံသည် တာယာ ထုတ်လုပ်ရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် သဘာဝ ရော်ဘာ ထွက်ရှိမှုတွင် ကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)