Connect with us

China

တရုတ်နိုင်ငံ နန်နင်းမြို့၌ (၁၃) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ လေးရက်ကြာ ကျင်းပမည်

တရုတ်နိုင်ငံတွင်း ကုန်စည်ပြပွဲတစ်ခုကျင်းပနေစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၁ရက်နေ့မှ ၁၄ရက်နေ့ထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲ၌ အာဆီယံနိုင်ငံများမှလည်း ၎င်းတို့နိုင်ငံထွက် ထုတ်ကုန်များအား လာရောက် ပြသမည်ဖြစ်သည်။ ယခုနှစ် ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို “၂၁ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကို အတူတကွ တည်ဆောက်ခြင်းဖြင့် အကျိုး စီးပွား မျှဝေကြမည့် ပိုမိုနီးကပ်သော တရုတ်- အာဆီယံ အသိုက်အဝန်းဆီသို့ ပူးတွဲတက် လှမ်းကြပါစို့” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။

တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှစတင်၍ နန်နင်းမြို့ တွင် နှစ်စဉ် ကျင်းပခဲ့ပြီး ယင်းပြပွဲများတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေခြင်းနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အတူ အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.