Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတို့တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင် တို့ တွေ့ဆုံကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင် အား ဖေဖော်ဝါရီလ ၂၄ ရက် က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း လျော့နည်းခြင်း၊ နိုင်ငံတကာ ကုန်သွယ်ရေး လျော့နည်းခြင်း၊ ငွေရေးကြေးရေး ဈေးကွက် အတက်အကျ အပြောင်းအလဲ ပိုမို ပြင်းထန်ခြင်းတို့၏ အောက်တွင် တရုတ် နိုင်ငံ စီးပွားရေး တည်ငြိမ်စွာ တိုးတက် ကောင်းမွန်လာ၍ အကောင်းသဘောဆောင်သော အောင်မြင်မှု ရရှိနေပြီ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် စွမ်းအင်သစ် လျင်မြန်စွာ တိုးတက်ခြင်းနှင့် သမားရိုးကျ စွမ်းအင်များ ပြုပြင်ပြောင်းလဲကာ မြင့်တက်စေခြင်းတို့သည် စီးပွားရေး တိုးတက်မှုနှင့် အလုပ်အကိုင် တိုးချဲ ရရှိနိုင်မှု အတွက် အထောက်အကူပြုခဲ့ကြောင်း၊ တစ်ပြိုင်တည်း တရုတ်နိုင်ငံ အစိုးရသည် ဘေးအန္တရာယ်နှင့် စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းခဲ့သော အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရအနေဖြင့် G20 အဖွဲ့မှတစ်ဆင့် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးမူဝါဒ ညှိနှိုင်းဆွေးနွေးခြင်းကို အားပေးမြှင့်တင် နေကြောင်း၊ တရုတ်နိုင်ငံနှင့် ကမ္ဘာဘဏ်၏ ပူးပေါင်း ဆောင်ရွက်ခြင်းသည် အကျိုးများစွာ ဖြစ်ထွန်း၍ နှစ်ဦး နှစ်ဘက် ခေတ်မီမြို့ပြ တည်ဆောက်ရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေးဖွဲ့စည်းပုံစနစ် ပြုပြင်ပြောင်းလဲရေး စသောအခန်းကဏ္ဌများအတွက် အကျိုးရှိသော စူးစမ်းရှာဖွေမှု ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကင် က တွေ့ဆုံမှုတွင် တရုတ်နိုင်ငံနှင့် မူဝါဒဆက်ဆံမှု ပိုမို ခိုင်မာစေရေးနှင့် G20 အုပ်စု ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.