Connect with us

Local

ကျောက်မျက်ရိုင်း ၁၅၂ တွဲနှင့် ကျောက်စိမ်းအသား ကျောက် ၆,၈၂၆ တွဲကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချ

ကျောက်မျက်ရတနာပြပွဲ အား နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ ပရိဝုဏ် အတွင်း၌ ကျောက်မျက်ရိုင်း ၁၅၂ တွဲနှင့် ကျောက်စိမ်း အသား ကျောက် ၆,၈၂၆ တွဲကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မျက် ပြပွဲတွင် ကျောက်မျက်ရိုင်း (၁၅၂) တွဲနှင့် ကျောက်စိမ်း အသားကျောက် (၆,၈၂၆) တွဲကို တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်း ပြပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်း ရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက် ရတနာ ကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို တက်ရောက်ခွင့် ပြုထားကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲများကို ယူရိုငွေဖြင့် ရောင်းချသည့် ကျောက် မျက်ပြပွဲနှင့် မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့် ရောင်းချပွဲဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပ ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းထံမှ အတွင်းရေးမှူးထံမှ သိရသည်။

ကျောက်မျက်ရိုင်း (၁၅၂) တွဲကို ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် ကြည့်ရှု လေ့လာ၍ ဈေးနှုန်း အဆိုပြု လွှာများကို တင်ဒါပုံးများသို့ ထည့်သွင်းနိုင်ပြီး ဒီဇင်ဘာလ ၉ ရက်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

ကျောက်စိမ်း အသားကျောက် (၆,၈၂၆) တွဲကို ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်၊ ၉ ရက်တို့တွင် ကြည့်ရှု လေ့လာ၍ ဈေးနှုန်း အဆိုပြုလွှာများကို တင်ဒါပုံးများသို့ ထည့်သွင်းရမည်ဖြစ်ကာ ဒီဇင်ဘာလ ၁၀ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.