Connect with us

Local

အသေးစား နှင့် အလတ်စား လုပ်ငန်းများ အပေါင်ပစ္စည်းမဲ့ ချေးငွေရယူ နိုင်ရန် CGI အစီအစဉ်ကို ဆောင်ရွက် မည်ဟု ဒုဝန်ကြီးဆ

ရန်ကန်မြို့ရှိ ပုဂ္ဂလိက ဘဏ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အသေးစား နှင့် အလတ်စား လုပ်ငန်းများအား ဘဏ်များ နှင့် တွဲဖက်၍ အပေါင်ပစ္စည်းမဲ့ ချေးငွေရယူနိုင်ရန် Credit GuaranteeInsurance (CGI) ကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းအစီအစဉ်၌ အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ အပေါင်ပစ္စည်းမလိုဘဲ ချေးငွေရယူနိုင်သော အခွင့်အရေးများအပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အပေါင်ပစ္စည်းမဲ့ငွေထုတ်ချေးသော ဘဏ်
လုပ်ငန်းများအား ဆုံးရှုံးနစ်နာမှုမရှိစေရန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

အဆိုပါ အစီအစဉ်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ချေးငွေရရှိရန်နှင့်အခက်အခဲများ ကျော်လွှားနိုင်ရန် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီလက်အောက်ရှိ ငွေကြေးအရင်းအနှီးလွယ်ကူသက်သာစွာရရှိရေး မူဝါဒချမှတ်ရေးအဖွဲ့မှ ဦးစီး၍ CGIအစီအစဉ်အားရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ပေးမည့် ဘဏ်များအနေဖြင့် ဆုံးရှုံးနစ်နာမှုမရှိရေးအတွက် ကာကွယ်ပေးသွားမည်ဖြစ်ပြီး ယခု
ကမ္ဘောဇဘဏ်လိမိတက် (KBZ) ဘဏ် နှင့် သမဝါယမ ဘဏ်လီမိတက်(CB ) ဘဏ်တို့ မှပူးတွဲလုပ်ဆောင်ရန် စိတ်ဝင်စားလျက်ရှိသည်။

အဆိုပါ အစီအစဉ် အတွက် ချေးငွေ ထုတ်ပေးမည့် ဘဏ်များ၊ အဖွဲ့အစည်းများ အနေဖြင့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များမှ ချေးငွေကို ပြန်လည် မပေးဆပ်နိုင်ပါက ၎င်း ဆုံးရှုံးသည့် အပေါင် ပစ္စည်းမဲ့ ချေးငွေ လက်ကျန်ကို မြန်မာ့အာမခံလုပ်ငန်း သို့ တောင်းခံ သွားနိုင်ပြီး အပေါင် ပစ္စည်း ရယူ ထားသော ချေးငွေများ အတွက် ချေးငွေ ထုတ်ချေး သည့် အဖွဲ့အစည်း ဘဏ် များသည် မြန်မာ့ အာမခံလုပ်ငန်း နှင့် အတူ ၎င်းတို့၏ လုပ်ငန်းစဉ် အတိုင်း အပေါင်ပစ္စည်း သိမ်းဆည်းခြင်း၊
လေလံတင် ရောင်းချခြင်းဖြင့် ဆုံးရှုံးငွေ ပြန်လည်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.