Connect with us

Local

စွမ်းအင် ဝန်ကြီးဌာနမှ ရေနံစိမ်း စည်သန်းပေါင်း ၂၄ သန်းကျော် ထုတ်လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်

လောင်စာဆီတင် ယာဉ်တစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ၂ဝ၁၁ – ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း ကုန်းတွင်းပိုင်း နှင့်ကမ်းလွန် ဒေသတို့မှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့စုစုပေါင်း ထုတ်လုပ်မှု စာရင်းမှာ ရေနံစိမ်းစည် သန်းပေါင်း ၂၄.၇၉ သန်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ ၂ဝ၈၅ .၅၇ ကုဗပေ ဘီလီယံ ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ နှစ်စဉ် တိုးတက်လျက် ရှိပြီး၊ ပြည်တွင်းရှိ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်တို့မှ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် သုံးစွဲမှု အနေဖြင့် ထုတ်လုပ်မှု တိုးတက်ခဲ့ပြီး ပြည်ပ တင်ပို့မှု မှာလည်း ၇၈ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းသို့ တိုးမြင့် ပို့လွှတ် ရောင်းချခဲ့ကြောင်း သိရသည်။

ပြည်တွင်း သဘာဝ ဓာတ်ငွေ့သုံးစွဲမှု အနေဖြင့် လျှပ်စစ် ထုတ်လုပ်မှု ကဏ္ဍအတွက် အများဆုံး သုံးစွဲထားပြီး ပြည်တွင်း သုံးစွဲမှု၏ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ၆၉ ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ၆၈ ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ၇၈ ရာခိုင်နှုန်းအထိ ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ စွမ်းအင် လုံခြုံမှုရှိစေရေး အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကုန်းပိုင်းနှင့် ကမ်းလွန်ရေနံ လုပ်ကွက်များကို ၂ဝ၁၁ ခုနှစ်တွင် ကုန်းတွင်းပိုင်း လုပ်ကွက်အတွက် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ပြီး လုပ်ကွက် ၈ ကွက် တွင် နိုင်ငံခြား ကုမ္ပဏီခြောက်ခုနှင့် မြန်မာ တိုင်းရင်းသားပိုင် ကုမ္ပဏီ ခြောက်ခုတို့ ပူးပေါင်း၍ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.