Connect with us

Local

မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်း အချက်အလက် ကြည့်ရှုနိုင်သည့် ဝက်ဘ်ဆိုဒ် လွှင့်တင်

မြန်မာ နိုင်ငံ၏ စာရင်း အချက်အလက် ကြည့်ရှုနိုင်သည့် ဝက်ဘ်ဆိုဒ် စာမျက်နှာ (ဓာတ်ပုံ-MMSIS website)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်း အချက်အလက် များကို ကမ္ဘာတစ်ဝန်းရှိ အင်တာနက် ချိတ်ဆက် နိုင်သည့် မည်သည့် နေရာမှမဆို ကြည့်ရှုလေ့လာ နိုင်စေရန် မြန်မာ့ စာရင်းအင်း ဝက်ဘ်ဆိုက် အသစ် ဖြစ်သော www.mmsis.gov.mm ထားကြောင်း သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော စာရင်းအင်းများကို အပြည်ပြည် ဆိုင်ရာမှ အလွယ်တကူ လေ့လာသိရှိ နိုင်စေရန် ဖွင့်လှစ် လိုက်သော ထို www.mmsis.gov.mm အင်တာနက် ဝက်ဘ်ဆိုဒ်ကို ပြည်တွင်းရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနနှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့မှ ကျွမ်းကျင်သူ များ၏ အကူအညီဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဝက်ဘ်ဆိုဒ် အတွင်း၌ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုး၊ ပြည်တွင်း သွင်းကုန် တန်ဖိုးနှင့် သစ်တော လွှမ်းခြုံမှု ရာခိုင်နှုန်း စသည်တို့ အပါအဝင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်း အချက်အလက်များ ပါဝင်ပြီး လက်ရှိတွင် အင်္ဂလိပ် ဘာသာဖြင့်သာ ဖော်ပြ ထားကြောင်း သိရသည်။

နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမှ မဆို မြန်မာ့ စာရင်းအင်း များကို အလွယ်တကူ လေ့လာသိရှိ နိုင်စေရန် ရည်ရွယ်၍ ၎င်း ဝက်ဘ်ဆိုက်ကို လွှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)