Connect with us

Local

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်အရှေ့မြောက် နယ်မြေ ဖွံ့ဖြိုးရေး စီမံကိန်း အတွက် အဆိုပြုထား

အင်းစိန် ဂုံးကျော်တံတားသစ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်အရှေ့မြောက် နယ်မြေ ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ဒဂုံမြို့သစ်နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဆက်သွယ်သည့် အမြန်ကားလမ်း၊ ရထားလမ်းများ ဖော်ဆောင်ရန် အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန် အရှေ့မြောက် နယ်မြေ ဖွံ့ဖြိုးရေး စီမံကိန်းသည် ဒဂုံမြို့သစ်နှင့် လှည်းကူးမြို့နယ်၊ ဆက်စပ် နေရာများအား မြို့ပြ ဖွံ့ဖြိုးရေး ဖော်ဆောင်ရန် လုပ်ဆောင်မည့် အစီအစဉ် ဖြစ်ပြီး ယင်းစီမံကိန်းမှာ ရေရှည် စီမံကိန်းများ ဖြစ်ကြောင်း၊ အဆိုပြု စီမံကိန်းများအရ ဒဂုံမြို့သစ်နှင့် ပဲခူးမြစ်ကမ်း ဗဟိုခွဲများ၊ မြို့ပြင် ပတ်လမ်း တစ်လျှောက် စက်မှု နယ်မြေများ၊ ပဲခူး မြစ်ကူး တံတားသစ်၊ အမှတ် (၂) နှင့် အမှတ် (၇) လမ်းမကြီးများ ပါဝင်သည့် မြို့ပြင်ပတ်လမ်း၊ မြို့တွင်း အမြန် ရထားလိုင်း သုံးလိုင်း၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ဆက်သွယ်သည့် အမြန်ကား လမ်းနှင့်ရထားလမ်းတို့ ပါဝင်ကြောင်း သိရသည်။

ဒဂုံ မြို့သစ် (တောင်ပိုင်း) နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့သည် မြို့ပြ ဖြစ်ထွန်းမှုနှုန်း လျင်မြန်ပြီး တစ်စတုရန်း ကီလိုမီတာတွင်လူဦးရေ ၉,၀၀၀ ကျော် နေထိုင်လျက် ရှိကြောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် လှည်းကူး မြို့နယ်တို့၌ တိုးတက်မှုနှုန်း လျင်မြန်မှု မရှိသေးသည်ကို တွေ့ရကြောင်း သိရသည်။ (Xinhua)