Connect with us

Local

ဘဏ္ဍာနှစ်ဝက် အတွင်း ကုန်သွယ်မှု လိုငွေ ကန်ဒေါ်လာ ၁၇၄၄ ဒသမ ဝ၆ သန်း ဖြစ်ပေါ်

ရန်ကုန် ဆိပ်ကမ်းတွင် ကုန်တင်ချ ပြုလုပ်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၃၁၃၁ ဒသမ ဝ၂ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန်ဒေါ်လာ ၁၇၄၄ ဒသမ ဝ၆ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေအစီရင်ခံစာအရ သိရသည်။

ဧပြီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၆၉၃ ဒသမ ၄၈ သန်းဖြစ်ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၄၃၇ ဒသမ ၅၄ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၃၁၃၁ ဒသမ ဝ၂ သန်း ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလအတွက် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၅၁ ဒသမ ဝဝ သန်းဖြစ်ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ၁၃ ဒသမ ၂၃ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၇၆၄ ဒသမ ၂၃ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.