Connect with us

Local

နယ်စပ်ဂိတ်များကို အာဆီယံအဆင့်ကုန်သွယ်ရေးဇုန်များအဖြစ် အဆင့်မြှင့်တင်မည်

မြန်မာ-ထိုင်း နယ်စပ်ဝင်ထွက်ဂိတ်ကို တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန် နယ်စပ်ဂိတ်များအားလုံးကို ၂၀၁၈ ခုနှစ်၌ အာဆီယံအဆင့် ကုန်သွယ်ရေးဇုန်များ ဖြစ်လာစေရန် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ရင်ဘောင်တန်းပြီး ကုန်သွယ်နိုင်ရန် အာဆီယံအဆင့် ကုန်သွယ်ရေးဇုန်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး အဆိုပါ အဆင့်မြှင့်တင်ရာတွင် အဆင့် သုံးဆင့်ခွဲကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမ အဆင့်အနေဖြင့် နယ်စပ်ဂိတ် အသီးသီး၌ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ ကို ထိုက်တန်သည့် ရာထူးနှင့် လစာတိုးမြှင့်ပေးခြင်း၊ ဒုတိယ အဆင့်အနေဖြင့် ကုန်သွယ်မည့် ပစ္စည်းများကို အဆင့်မြင့် နည်းပညာများသုံးကာ စစ်ဆေးမည်ဖြစ်ပြီး ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ကုန်သွယ်မှုပြုလုပ်ပါက အလိုအလျောက် အချက်ပေးသည့် စနစ်များ အသုံးပြုသွားမည် ဖြစ်သည်။

တတိယ အဆင့်အနေဖြင့် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရာတွင် လိုအပ်သော ထောက်ခံချက်များအတွက် နယ်စပ် ဂိတ်များမှ One Stop Service များပြုလုပ် ကာ နယ်စပ်ဂိတ်များ အားလုံးကို အာဆီယံအဆင့် ကုန်သွယ်ရေးဇုန်များ အဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.