Local
မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဇွန်လတွင် ကျင်းပမည်

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
(၅၂) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ သိရသည်။
ကျောက်မျက် ရတနာ ပြပွဲတွင် အခြေခံ ယူရို လေးထောင်မှ နှစ်သိန်းအထိ ကျောက်စိမ်း အတွဲများကို ဈေးပြိုင် စနစ်ဖြင့် ရောင်းချ မည်ဖြစ်သည်။
အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်မျက် အတွဲများကို အခြေခံဈေး ယူရို ၅၀၀ မှ ၂၀,၀၀၀ ထိ တန်ဖိုး သတ်မှတ်ထားပြီး အခြေခံဈေး ယူရိုငွေ ၂၀,၀၀၁ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက် အတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲ၌ ကျောက်မျက်အတွဲများကို ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲများကို ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက်အထိ ရောင်းချသွားမည် ဖြစ်သည်။
မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူခွင့် ပြုမည်ဖြစ်သည်။ (Xinhua)