Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် (၆၀) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပစဥ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နို၀င်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စတင်ကျင်းပလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နို၀င်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းရိုင်း (၅,၀၆၄) တွဲ၊ ကျောက်စိမ်းအချောထည် (၂၁) တွဲ၊ ကျောက်မျက်ရိုင်း (၁၃) တွဲ၊ ကျောက်မျက်လက်ဝတ်ရတနာ (၁၄၇) တွဲ၊ ပုလဲ (၄၈၉) တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်ဈေးပြိုင် တင်ဒါစနစ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ရောင်းချမှုများကို အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ထိုင်းဘတ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လက်ခံသော အခြားနိုင်ငံခြားငွေများဖြင့် ပြုလုပ်မည်ကြောင်း သိရသည်။မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက စီစဉ်ကျင်းပသည့် အဆိုပါ ပြပွဲကို နိုဝင်ဘာ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117