Connect with us

Local

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၅၇.၅၅၈ သန်း ရှိဟုဆို

ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဟိုတယ် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၅၇.၅၅၈ သန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စင်္ကာပူနိုင်ငံမှ စီမံကိန်းပေါင်း ၂၀ ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၂၅.၅၅၈ သန်း၊ ဗီယက်နမ်နိုင်ငံမှ စီမံကိန်း (၁)ခု၊ ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၄၀ ၊ ထိုင်းနိုင်ငံမှ စီမံကိန်းပေါင်း ၁၀ခု ၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃၉.၇၅၀သန်း၊ ဟောင်ကောင်မှ စီမံကိန်းပေါင်း ၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅၀.၅၂၀ သန်း၊ ဂျပန်နိုင်ငံမှ စီမံကိန်းပေါင်း ၃ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၆၂သန်း၊ မလေးရှားနိုင်ငံမှ စီမံကိန်းပေါင်း ၃ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃.၁၃၆ သန်း၊ အင်္ဂလန်နိုင်ငံမှ စီမံကိန်းပေါင်း ၃ခုတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၉ သန်း ၊ လူဇင်ဘတ် နိုင်ငံမှ စီမံကိန်း တစ်ခု ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၂ သန်း၊ ယူအေအီးမှ စီမံကိန်း ၁ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၄ သန်း မြှုပ်နှံ ထားကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက “ နောက်ထပ်လည်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေကို ထပ်တိုးခွင့် ပြုသွားဖို့ အစီအစဉ်ရှိပါတယ်” ဟုပြောသည်။
၂၀၁၅ ခုနှစ် ဧပြီလ ကုန်အထိ ဟိုတယ်အလုံးရေ ၁၁၇၁ လုံး၊ ခရီးလှည့်လည်ရေး၊ ပို့ဆောင်ရေးနှင့် ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်ပေါင်း ၅၈၆၇ ခုချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်နေဆဲ ဟိုတယ် (ဆင်ဟွာ)

အဆိုပါဟိုတယ် ၁၁၇၁လုံးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၆လုံး၊ ပြည်ပနှင့်ဖက်စပ် ဟိုတယ် ၅ လုံး၊ ဌာနပိုင် ငှားရမ်း ဟိုတယ် ၂၁ လုံး၊ ပြည်တွင်း ဟိုတယ် ၁၁၁၉ လုံး ရှိကြောင်း သိရသည်။

ပြည်တွင်း ဟိုတယ်များ အနက် နေပြည်တော်တွင် ဟိုတယ် ၅၉ လုံး၊ အခန်းပေါင်း ၄၉၀၄ ခန်း၊ ရန်ကုန်မြို့တွင် ဟိုတယ် ၃၀၂ လုံး၊ အခန်းပေါင်း ၁၄၁၀၀ ခန်း၊ မန္တလေးတွင် ဟိုတယ် ၁၅၅ လုံး ၊ အခန်းပေါင်း ၆၂၈၉ ခန်း၊ ပုဂံညောင်ဦးတွင် ဟိုတယ်ပေါင်း ၇၇ လုံး၊ အခန်းပေါင်း ၂၄၈၄ ခန်း၊ တောင်ကြီးနှင့် အင်းလေးတွင် ဟိုတယ်ပေါင်း ၉၅ လုံး၊ အခန်းပေါင်း ၂၉၁၅ ခန်း ဖွင့်လှစ်ထား ကြောင်း ၊ ဟိုတယ် အရေအတွက် များအား အာဆီယံ ခရီးသွားဖိုရမ်တွင် လက်ကမ်း စာရွက်များ ပြုလုပ်၍ အများပြည်သူကို အသိပေးထားကြောင်း ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117