Local
လားရှိုးမြို့၌ ကျပ်သိန်းပေါင်း ၅၈၀၀ ကျော် တန်ဘိုးရှိ ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)
လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၉)၊ ရှမ်းရိုးမ ကားဂိတ်အနီးတွင် မောင်းနှင်လာသော မော်တော်ယာဉ်အား ဇွန် ရှာဖွေရာတွင် ကျပ်သိန်းပေါင်း ၅၈၃၂ သိန်း တန်ဘိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ သည် ဇွန် ၁၉ ရက်တွင် ထိုမော်တော်ယာဉ်အား ရှာဖွေခဲ့ရာ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၃၈ ဒသမ ၈၈ သိန်းနှင့် မြန်မာငွေ ၈၅၀၀၀ ကျပ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်းနှင်လာသူအား မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။(Xinhua)