Connect with us

Local

ဓါတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများအား နိုင်ငံခြားသားကုမ္ပဏီများ ကုန်သွယ်မှုခွင့်ပြု

နိုင်ငံခြားသားကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုသော အမိန့် ကြော်ငြာစာအားတွေ့ရစဉ်(ဓာတ်ပုံ- စီးပွားကူးသန်းဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဓါတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများအား နိုင်ငံခြားသားကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း အမိန့်ကြေညာစာအရ သိရသည်။

အဆိုပါ ကုန်သွယ်ခွင့်ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒအရလည်ကောင်း၊ နိုင်ငံ၏ စိုက်ပျိုးရေး၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြေခံအဆောက်အဦများအတွက် အရည်အသွေးပိုမိုကောင်းမွန်သော ပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်သည်ဟု အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ယင်း အမိန့်ကြော်ညာစာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှု နှင့်ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်မျဉ်းများအရလည်းကောင်း၊ နိုင်ငံတော်၏စီးပွားရေးမူဝါဒအရလည်းကောင်း၊ နိုင်ငံ၏ စိုက်ပျိုးရေး၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြေခံအဆောက်အဦများအတွက် အရည်အသွေး ပိုမိုကောင်းမွန်သော ပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် သတ်မှတ်ထားသည့် HS Code များအတိုင်း နိုင်ငံခြားသားကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.