Connect with us

Local

မြန်မာနိုင်ငံ၌ အလုပ်လက်မဲ့ အခြေအနေ လူငယ်လူရွယ် အုပ်စုတွင် အမြင့်မားဆုံးဖြစ်ဟု ထုတ်ပြန်

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် အလုပ်လုပ်ကိုင်နေသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ အခြေအနေသည် လူငယ်လူရွယ်အုပ်စုတွင် အမြင့်မားဆုံး ဖြစ်ပြီး အသက် (၂ဝ-၂၄)အုပ်စုတွင် မြို့ပြလူဦးရေ (၁ဝ)ရာခိုင်နှုန်း ကျော်နှင့် ကျေးလက်လူဦးရေ (၈)ရာခိုင်နှုန်းတို့သည် အလုပ် လက်မဲ့များဖြစ်ကြကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော လုပ်သားအင်အား အကြောင်းအရာ အသေးစိတ် သုတေသနစာတမ်းအရ သိရသည်။

လုပ်သားအင်အား အကြောင်းအရာ အသေးစိတ် သုတေသနစာတမ်းအား ၂ဝ၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များ အကြား အလုပ်လက်မဲ့နှုန်း ကွာခြားချက် မြင့်မားနေပြီး ရခိုင်ပြည်နယ် တွင် ၁ဝ ဦးလျှင် တစ်ဦးနှုန်းဖြင့် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး ဖြစ်ပြီး ရှမ်းပြည်နယ်တွင် လူ ၅ဝ လျှင် တစ်ဦးနှုန်းဖြင့် အနိမ့်ဆုံး ဖြစ်ကြောင်း တွေ့ရှိရကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် အလုပ်လုပ်သော ကလေးများပြားလျက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူချိန်တွင် အသက်(၁ဝ-၁၄)အုပ်စုရှိ ကလေး ငါးသိန်း ကျော်သည် အလုပ်လုပ်ကိုင်နေ၍ ကလေး ၇၇ဝဝဝ သည် အလုပ် ရှာဖွေနေကြသူများ ဖြစ်ကြကြောင်း သိရသည်။

ထိုအလုပ်လုပ်နေရသည့် ကလေးများ၏ ကျောင်းတက်ရောက်မှုမှာ နိမ့်ကျလျက်ရှိပြီး (၁ဝ)နှစ်အရွယ် အလုပ်လုပ်နေရသည့် ကလေး ၈၂ ရာခိုင်နှုန်း နှင့် (၁၂)နှစ်အရွယ် အလုပ်လုပ်နေရသည့် ကလေး ၉၁ ရာခိုင် နှုန်းသည် လုံးဝကျောင်းမနေဖူးသူများဖြစ်ကြကြောင်း သိရသည်။

မြန်မာ နိုင်ငံ၏ လုပ်သားအင်အားစုတွင် လူငယ်လူရွယ်များစွာ ပါဝင် နေပြီး အမျိုးသမီးများထက် အမျိုးသားများ ပါဝင်မှု ပိုမိုကြောင်း တွေ့ရှိရပြီး အသက် (၁၅)နှစ်မှ (၆၄) နှစ်ကြားအုပ်စုတွင် အမျိုးသား လုပ်သား အင်အား ပါဝင်နှုန်း ၈၆ ရာခိုင်နှုန်းရှိ၍ အမျိုးသမီး လုပ်သားအင်အားပါဝင်နှုန်းသည် ၅၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ မှီခိုလုပ်ကိုင်နေရပြီး လုပ်သား အင်အားစုတွင် ပါဝင်သူ ၄ဝ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်း ကျွမ်းကျင် လုပ်သားများ ဖြစ်ကြပြီး အဆိုပါ လယ်ယာ၊ သစ်တော နှင့် ငါးလုပ်ငန်း (Primary Sector)ကဏ္ဍတွင် လုပ်ကိုင်သူ အများစုသည် ဆင်းရဲသူများဖြစ်ပြီး (၄) ရာခိုင်နှုန်းခန့်သာ ကြွယ်ဝချမ်းသာသည့် အိမ်ထောင်စုများတွင် ပါဝင်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.