Connect with us

Local

တောင်ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နံှမှု ပမာဏ တိုးမြှင့်မည်

လှိုင်သာယာ အထည်ချုပ် စက်ရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၇ရက် (ဆင်ဟွာ)

တောင်ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များသည် ဇွန်လတွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်လုပ် ငန်းများ၌ ရင်းနှီးမြှုပ်နံှမှု ပမာဏ တိုးမြှင့်ရန်နှင့် အထည်ချုပ် လုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းအသစ်များကို တိုးချဲ့ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နံှမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်ထဲတွင် မြန်မာနိုင်ငံ၌ ပြည်ပရင်း နှီးမြှုပ်နံှမှု အဖြစ် အဓိက ဝင်ရောက်လာမည့် လုပ်ငန်းသည် အထည်ချုပ် လုပ်ငန်းဖြစ်ကြောင်း၊ အာရှနှင့် ဥရောပ နိုင်ငံ အများစုသည် အထည်ချုပ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံမှ အထည်ချုပ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နံှမှု ပမာဏ တိုးမြှင့် ခြင်းသည် နောက်ထပ် ဝင်ရောက်လာမည့် အထည်ချုပ် လုပ်ငန်းများအား ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
တောင်ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်သွား မည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့် လုပ်ငန်းသစ်များ တိုးချဲ့ လုပ်ကိုင်ရာတွင် ဖိနပ်နှင့်ခြေအိတ်ချုပ် လုပ်ငန်းများကို အဓိက လုပ်ကိုင် သွားမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ အထည်ချုပ် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံှမှု အသစ် ဝင်ရောက်လာမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အထည်ချုပ် လုပ်ငန်းများနှင့် ဈေးကွက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ အတွင်းရှိ ၎င်းတို့၏ အထည်ချုပ် လုပ်ငန်းများမှ ထွက်ရှိသည့် အထည်များကို မြန်မာနှင့် တောင်ကိုရီးယား နိုင်ငံတို့ အပါအဝင် ဥရောပနိုင်ငံ တချို့သို့ တင်ပို့ ရောင်းချလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.