Connect with us

Local

ပုံနှိပ် ၊ ထုတ်ဝေခြင်း နှင့်သတင်းအေဂျင်စီ လုပ်ငန်း ၃၁၅၁ ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ် ခွင့်ပြု ပေးထား

-ဈေးကွက်အတွင်းရှိ ပုံနှိပ် ထုတ်ေ၀ ရောင်းချနေသော သတင်းစာ ၊ အပတ်စဉ် ဂျာနယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီ လုပ်ငန်းများအတွက် ၃၁၅၁ ဦးအား ပြန်ကြားရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ စ၍ ၂၀၁၆ ခုနှစ် ဧပြီ ၂၉ ရက် အထိ ပုံနှိပ်ခြင်း လုပ်ငန်း ၁၃၃၆ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၁၇၈၃ ဦး နှင့် သတင်းအေဂျင်စီ လုပ်ငန်း ၃၂ ဦး စုစုပေါင်း ၃၁၅၁ ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူ(၁)ဦး နှင့် မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၁)ဦး တို့အား အချက် အလက် များစိစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.