Connect with us

Local

Air KBZ လေကြောင်းလိုင်းမှ ပြည်ပ ခရီးစဉ် နှစ်ခု တိုးချဲ့ ပျံသန်းမည်

Air KBZ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

Air KBZ လေကြောင်း လိုင်းမှ ယခုနှစ် အောက်တိုဘာလမှ စတင်၍ ပြည်ပ ခရီးစဉ် အဖြစ် ကမ္ဘောဒီးယား နှင့် ချင်းမိုင် ခရီးစဉ်များကို တိုးချဲ့ ပျံသန်းမည် ဖြစ်ကြောင်း ကမ္ဘောဇ လုပ်ငန်းစု ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်မှု မြင့်တက်လာသဖြင့် အဆိုပါ ခရီးစဉ် နှစ်ခုကို တိုးချဲ့ ပျံသန်းခြင်း ဖြစ်ပြီး
အဆိုပါ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်တွင် ခရီးသည် ၆၈ ဦး လိုက်ပါ စီးနင်းနိုင်မည့် ART အမျိုးအစား လေယာဉ်သစ်များ အသုံးပြု ပျံသန်းသွားမည် ဖြစ်သည်။

ကမ္ဘောဇ လေကြောင်းလိုင်းသည် ပြည်တွင်း ပြည်ပလေကြောင်းလိုင်း ပျံသန်းခွင့်ရ ရှိပြီး ဖြစ်သဖြင့် ဒေသတွင်း နိုင်ငံ ခရီးစဉ် များကိုပါ တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်နေပြီး အဆိုပါ လေကြောင်းလိုင်း အနေဖြင့် တစ်လလျှင် ပျမ်းမျှ လေယာဉ်စီး ခရီးသည် လေးသောင်းကျော် ရှိကာ ၎င်းတို့အနက် သုံးသောင်း နီးပါးမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဖြစ်သည်။

လက်ရှိတွင် ကမ္ဘောဇ လေကြောင်းလိုင်းသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ စစ်တွေနှင့် သံတွဲ စသည့် ပြည်တွင်း ခရီးစဉ်များကို နေ့စဉ် ပျံသန်းလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.