Connect with us

Local

တွင်းထွက် သယံဇာတ တူးဖော်ရေး လုပ်ငန်းများမှ ရရှိသော အခွန်၊ အခများ ပွင့်လင်း မြင်သာမှုရှိရေး အများပြည်သူသို့ ယခုလကုန်တွင် အစီရင်ခံ ထုတ်ပြန်နိုင်မည်

နေပြည်တော်တွင် ကျင်းပသော ၅၁ ကြိမ်မြောက် ကျောက်မြတ် ရတနာပြပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တွင်းထွက် သယံဇာတ တူးဖော်ရေးလုပ်ငန်းများမှ ရရှိသော အခွန်၊ အခများ ပွင့်လင်း မြင်သာမှုရှိရေး ဆက်စပ် အချက် အလက်များကို အများပြည်သူသို့ အစီရင်ခံ ထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) ပထမအကြိမ် အစီရင်ခံစာကို ယခု လကုန်တွင် ထုတ်ပြန်နိုင်မည်ဟု MEITI-MSG သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ သတင်း ထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံ ၏ တွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး နယ်ပယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကို အခြေခံသည့် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ (၁၀၀)ရာခိုင်နှုန်းကို ကိုယ်စားပြုသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ (၁၃)ခု ၊ ကျောက်မျက်/ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ (၆၇) ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကျောက်မျက်ရတနာကုမ္ပဏီ (၃၀)ခုနှင့် သတ္တုကဏ္ဍ၏အခွန်ဘဏ္ဍာငွေ (၅၀)ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကုမ္ပဏီ (၁၁)ခုတို့ပါဝင်ကြောင်း သိရသည်။

ထိုအတူ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (၁)၊ (၂)၊ (၃) နှင့် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာန တို့ပါဝင်ကြောင်း သိရသည်။

ထိုပြင် အခွန်ဘဏ္ဍာငွေအချိုးအစားအရ EITIနယ်ပယ်တွင် ပါဝင်မှုမရှိသော်လည်း အရပ်ဘက် လူမှုအဖွဲ့ ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ အထူးအစီအစဉ်ဖြင့် သတ္တု တူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ (၃)ခုကို ထပ်မံထည့်သွင်းထားကြောင်း သိရသည်။

တွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အကောင် အထည် ဖော်လျက်ရှိသော နိုင်ငံများတွင် မြန်မာနိုင်ငံသည် ကျောက်မျက်ကဏ္ဍကို EITI အစီရင်ခံစာတွင် ထည့်သွင်းသည့် ပထမဦးဆုံးနိုင်ငံဖြစ်ပြီး EITI စံနှုန်းအရ မဖြစ်မနေ ဖော်ပြရမည် မဟုတ်သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းမှ ကောက်ခံ ရရှိသောအခွန်၊အခများကိုလည်း သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ထုတ်ဖော်ရန် EITI နယ်ပယ်တွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် EITI စံနှုန်းများနှင့်အညီ ပွင့်လင်းမြင်သာမှုကို ဆောင်ကြဉ်းရန် ပထမအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် နောက်ဆုံးထား ထုတ်ပြန်ရန် နိုင်ငံတကာ EITI အဖွဲ့မှ သတ်မှတ်ခဲ့ကြောင်း ၊ ၂၀၁၇ခုနှစ် နှစ်ဦးပိုင်းတွင် ဒုတိယအကြိမ် EITI အစီရင်ခံစာကို ထပ်မံ ထုတ်ပြန်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.