Connect with us

Local

ဒေါ်လာဈေး ၁၃၁၅ ကျပ်အထိဈေးမြင့်လာ

ကျပ်ငွေ နှင့်ဒေါ်လာ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဒေါ်လာ ဈေးဟာ တစ်ဒေါ်လာကို ၁၂၈၇ ကျပ်မှ တစ်ဒေါ်လာကို ၁၃၁၅ ကျပ် အထိဈေးဆက်တိုက် တက်လာခဲ့ပြီး ယနေ့ ပေါက်ဈေးသည် ၂၀၁၆ ခုနှစ် တွင် အမြင့်ဆုံးဈေးဖြစ်ကြောင်း ဒေါ်လာဈေးကွက်မှ သိရပါသည်။

NLD ပါတီမှ ဘဏ်ကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက “အခုလက်ရှိသွားနေတဲ့ စနစ်က ဈေးကွက်စီးပွားရေး ကို သွားနေတာဖြစ်တယ်။ ရောင်းတဲ့ သူနဲ့ ဝယ်တဲ့ သူကြားမှာ ရှိတဲ့ ဈေးပဲ ဖြစ်ရမှာ။ရောင်းသူနဲ့ ဝယ်သူကြားမှာ ဈေးဖြစ်တာက ရှားပါးလား၊ပေါများလားဆိုတဲ့ အချက်ပေါ့။ ရှားပါးရင်ဈေးတက်မယ်။ ပေါများရင် ဈေးကျမယ်ပေါ့။ လက်ရှိဒေါ်လာဈေးတက်နေရတဲ့ အဓိကအကြောင်းအရင်းက ပြည်တွင်းမှာ ဒေါ်လာရှားတယ်။ဒေါ်လာရှားတယ်ဆိုတာ ဒေါ်လာလိုချင်တဲ့ သူတွေများတယ်။ ဒေါ်လာရှားပါးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာရမှာဖြစ်တယ်’’ ဟုဆင်ဟွာကိုပြောသည်။

ထိုကဲ့သို့ ဒေါ်လာ ရှားပါးမှုအားဖြစ်စေသည့် အကြောင်းအရင်းအား ရှာရသည့်အခါတွင် ဗဟိုဘဏ်တစ်ခုတည်းနှင့် မဆိုင်ကြောင်း၊ တခြားသောဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ နှင့် လည်း သက်ဆိုင်ကြောင်း သိရသည်။

ဦးရဲမင်းဦးက “အဲ့ဒီ့သက်ဆိုင်တဲ့ ဟာကို ဘယ်သူကဝင်ဖြေရှင်းမှာလဲ။ ဗဟိုဘဏ်ကလုပ်မလား၊ စီမံဘဏ္ဍာဝန်ကြီးဌာနက လုပ်မလား ။ သူတို့နှစ်ခုထဲက တစ်ခုက လုပ်ရမယ်။ ဗဟိုဘဏ်အနေနဲ့ ဒီကိစ္စကို ဘယ်ကစလုပ်မလဲ ဆိုတာကို သူက စစဉ်းစားသင့်တယ်။ နယ်စပ်ကုန်သွယ်ရေးကြောင့်လား အခြား အကြောင်း ကြောင့်လားဆိုတာ စဉ်းစားရမှာ’’ ဟုပြောသည်။

ကမ္ဘာတွင်လည်း အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရမ့်နိုင်ပြီးနောက်ပိုင်း ဒေါ်လာဈေးနှုန်းက ဆက်တိုက်မာလာကြောင်းသိရသည်။

M.O.B ဘဏ်၏ အငြိမ်းစားဥက္ကဋ္ဌ ဦးမြသန်းက “ဈေးတက်တာက အရေးမကြီးဘူး။ အဓိကက ဈေးငြိမ်ဖို့က အဓိကကျတယ်။ တက်လိုက်ကျလိုက်ဖြစ်နေရင် ဘဏ်တွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော အလုပ်လုပ်လို့ မရတော့ဘူး။ အတက်အကျငြိမ်ဖို့ဆိုရင် မှောင်ခိုဈေးကွက်ရှိနေတယ်။ အဲ့ဒီ မှောင်ခိုဈေးကွက်ကို တတ်နိုင်သမျှ ပပျောက်သွားအောင်လုပ်လိုက်ရင် ဈေးနှုန်းငြိမ်မယ်။ ဒါမေယ့် ကျသွားအောင်တော့ ချက်ချင်းလုပ်လို့ မရဘူး။ ရေရှည်စီမံချက်လုပ်ရမယ်။ ဗဟိုဘဏ်တစ်ခုတည်းက လုပ်လို့မရဘူး။ဘတ်ဂျက်ကလည်း လိုငွေပြနေတယ်။ တခြားအကြောင်းတွေလည်း ရှိနေတယ်။ အဲ့ဒါတွေကြောင့် ဒေါ်လာဈေးက တက်နေရတာဖြစ်တယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် တစ်ဒေါ်လာကို ၁၂၈၇ ကျပ်ရှိပြီး ဆက်တိုက်ဈေးတက်ခဲ့ပြီး ယနေ့တွင် ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ၁၃၁၅ ကျပ်ရှိပါသည်။ ကမ္ဘာ့ရွှေဈေးတစ်အောင်စ ၁၂၂၈ ဒေါ်လာရှိပြီး၊ မြန်မာ့ရွှေဈေးက တစ်ကျပ်သားလျှင် ကျပ်၈၆၆,၀၀၀ ပေါက်ဈေးရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.