Connect with us

Local

မြန်မာနိုင်ငံ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် ချေးငွေရယူမှုရှိ

ဘဏ်တစ်ခုတွင် ငွေများရေတွက်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရားဝင်စာရင်းဇယားများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် ချေးငွေရယူမှုရှိ ကြကြောင်း၊ ထိုသို့ချေးငွေ ရယူသူများထဲမှ ၁၈ ရာခိုင်နှုန်းသည် တရားဝင်ငွေချေးမှုလုပ်ငန်းအား သုံးကြပြီး၊ ၂၉ ရာခိုင်နှုန်းသည် တရားမဝင်နည်းလမ်းဖြင့် သုံးကြကြောင်း GIZ ၏ National Expert ဦးအွမ်ကီးက GIZ Banking Report Launch Event ပွဲတွင် ပြောကြားခဲ့သည်။

တရားဝင်ငွေချေးလုပ်ငန်း သုံးစွဲသူများသည် ဘဏ်၊ အပေါင်ဆိုင် ၊ အသေးစားငွေချေးလုပ်ငန်း များမှ ချေးယူသူများဖြစ်ကြကြောင်း၊ တရားမဝင်နည်းလမ်းဖြင့် ချေးယူသူများသည် ဆွေမျိုးများဆီမှ သော်လည်းကောင်း၊ တခြားနည်းလမ်းဖြင့်ငွေချေးယူသူများဆီမှသော်လည်းကောင်း ချေးယူကြခြင်းဖြစ်ကြောင်း သိရသည်။

ဦးအွမ်ကီးက “မြန်မာနိုင်ငံမှာ ချေးငွေလုပ်ငန်းက အားနည်းတာတွေ့ရတယ်။ အထူးသဖြင့်ကျေးလက်ဒေသက လူတွေက ဘဏ်လုပ်ငန်းနဲ့ ထိတွေ့မှုအားနည်းကြတယ်။၂၀၁၃ ခုနှစ် ကုလသမဂ္ဂအဖွဲ့အစည်း UNCDF ရဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ကပဲ ဘဏ်တွေရယ်၊ တခြားငွေကြေးလုပ်ငန်းနဲ့ဆိုင်တဲ့ တရားဝင်ငွေချေးလုပ်ငန်းတွေကို အသုံးပြုကြတယ်’’ ဟုပြောသည်။

ကမ္ဘာ့ဘဏ်၏ Doing Business ၂၀၁၇ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ချေးငွေရယူမှုလွယ်ကူခြင်းသည် နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၅ ရှိကြောင်း ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.