Connect with us

Local

MACCS စနစ် အား အသုံးပြုဆောင်ရွက်မှုတွင် အကောက်ခွန်ကြေညာလွှာ တစ်စောင် လျှင် MACCS Fee အဖြစ် ၃၀, ၀၀၀ ကျပ်နှုန်းဖြင့်ကောက်ခံမည်

MACCS Fee အဖြစ် ၃၀, ၀၀၀ ကျပ်နှုန်းဖြင့်ကောက်ခံမည့်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- U.M.F.C.C.I)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

MACCS စနစ်အသုံးပြု ဆောင်ရွက်မှုအပေါ် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် MACCS Fee အဖြစ် ၃၀,၀၀၀ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးလာခြင်းကို သွင်းကုန်ပို့ကုန် လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ သိရှိစေရန် တင်ပြအပ်သည် ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတွင် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသော MACCS စနစ်အား (၁၂.၁၁.၂၀၁၆ ရက်နေ့) တွင် စတင်အသုံးပြု ဆောင်ရွက်လျှက်ရှိရာမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ (၂၅.၃.၂၀၁၆ ရက်နေ့) စာအမှတ်ဖြင့် သဘောတူခွင့်ပြုထားပြီး MACCS စနစ်အသုံးပြု ဆောင်ရွက်မှုအပေါ် အကောက်ခွန် ကြေညာလွှာတစ်စောင်လျှင် MACCS Fee အဖြစ် ၃၀,၀၀၀ကျပ်နှုန်းဖြင့် ကောက်ခံသွား မည်ဖြစ်ပါကြောင်း ကုန်သည်စက်မှုအသင်းချုပ်သို့ အကြောင်းကြားလာကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ယနေ့ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

MACCS စနစ်သို့ တင်သွင်းလာသည့် အကောက်ခွန်ကြေညာလွှာများအနက် အကြောင်းအမျိုးမျိုးကြောင့် စနစ်မှ လက်ခံဆောင်ရွက်မပေးနိုင်သည့် ကြေညာလွှာများအား MACCS Fee ကောက်ခံသွားမည် မဟုတ်ပါကြောင်း၊ ယင်းကြေညာလွှာများကို ယခင်ဆောင်ရွက်နေသည့် Manual လုပ်ငန်းစဉ်များအတိုင်း လက်ခံဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.