Connect with us

Local

မူဆယ်မြို့တွင် နိုင်ငံတကာ အဆင့်မီ မင်္ဂလာ မူဆယ် လမ်းလျှောက်ဈေး ယခုလတွင် ဖွင့်လှစ်မည်

မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးသစ်ကြီးကို တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကမ်းနားလမ်းနှင့် ချစ်ကြည်ရေး လမ်းထောင့် မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်း အတွင်းရှိ “မင်္ဂလာမူဆယ်” လမ်းလျှောက်ဈေးကို ယခုလ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ဈေးတည်ဆောက်ရေး တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး ဖွင့်ပွဲအဖြစ် မြန်မာ-တရုတ် ထုတ်ကုန်ပစ္စည်း အမျိုးမျိုးတို့ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ် နှစ်နိုင်ငံ အကြား ရွှေလီ မြစ်ကမ်းဘေးတွင် မင်္ဂလာမူဆယ် လမ်းလျှောက် ဈေးသည် မြန်မာနိုင်ငံ အတွက် ဒုတိယမြောက် နိုင်ငံတကာ အဆင့်မီ လမ်းလျှောက်ဈေး ဖြစ်သည်။

အဆိုပါ မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်းသည် ရှမ်းပြည်နယ် အစိုးရ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်တို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။ (Xinhua)