Connect with us

Media

ရွှေလီ-မူဆယ် နယ်စပ်ဂိတ်တွင် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် နိုင်ငံသားများ ဖြတ်သန်းသွားလာမှုကို အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ် ခွင့်ပြု

ရွှေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ သဘောတူညီချက်အရ တရုတ်နိုင်ငံ ရွှေလီ- မြန်မာ မူဆယ် နယ်စပ်ဂိတ်တွင် သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံသားများ ဖြတ်သန်းသွားလာမှုကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီမှစ၍ စမ်းသပ် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရွှေလီ ပြည်ဝင်/ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ သိရသည်။ ထိုသို့ ခွင့်ပြုခြင်းနှင့်အတူ ရွှေလီနယ်စပ်ဂိတ်သည် သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်၍ တရုတ်-မြန်မာ ကုန်းလမ်းနယ်စပ်ဂိတ်ဖြတ်သန်းသွားလာရန် ပထမဆုံး စမ်းသပ် ခွင့်ပြုသည့်ဂိတ်ဖြစ်လာသည်။ ထိုမတိုင်မီ ရွှေလီနယ်စပ်ဂိတ်တွင် နှစ်နိုင်ငံ နယ်စပ်ဒေသ သွားလာခွင့်လက်မှတ် ၊ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ် (TBP) ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် လက်မှတ် နှင့် သံတမန်၊ နိုင်ငံ့ဝန်ထမ်း နိုင်ငံကူးလက်မှတ်များဖြင့်သာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှစ၍ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံသားများကိုလည်း ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်း ဖြစ်ရာ ပြည်ဝင်/ပြည်ထွက်သွားလာမှု ပမာဏ မြင့်တက်လာနိုင်ကြောင်း ရွှေလီ ပြည်ဝင်/ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ် လက်ထောက်ညွှန်ကြားရေးမှူး ချိုင်စူးနန်က ဆိုသည်။ (Xinhua)

………………………….
(Chinese Version)
瑞丽—木姐口岸今起试行公民持因私普通护照通行

记者从瑞丽出入境边防检查站获悉,根据中缅双方共识:10月1日8时起,中国瑞丽—缅甸木姐口岸启动公民持因私普通护照通行试点工作,标志着瑞丽口岸成为首个试行持因私普通护照通行的中缅陆路口岸。

瑞丽出入境边防检查站副站长柴枢楠介绍,此前瑞丽口岸通行的证件种类主要为双方边民证、缅甸临时边界通行证、中华人民共和国出入境通行证以及外交、公务类护照,10月1日起启动持因私普通护照通行,口岸出入境流量将迎来快速攀升。