Connect with us

Local

မြန်မာနိုင်ငံ၌ ဒေသတွင်း အာဆီယံ နိုင်ငံများတွင် ကျင့်သုံးနေသော E-Lottery စနစ်သို့ပြောင်းလဲရန် အောင်ဘာလေထီ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိ

အောင်ဘာလေ ထီရောင်းနေသော ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဒေသတွင်း အာဆီယံ နိုင်ငံများတွင် ကျင့်သုံးနေသော E-Lottery စနစ်သို့ပြောင်းလဲနိုင်ရေး အတွက် အောင်ဘာလေ ထီဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က ယနေ့ဇန်နဝါရီ ၁၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အောင်ဘာလေထီ ဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်နီးချင်း နိုင်ငံများတွင် ကျင့်သုံး ဆောင်ရွက်နေသည့် E-Lottery စနစ်သို့ပြောင်းလဲ ဆောင်ရွက်လျှင် ထီဈေးကွက် တည်ငြိမ်ခြင်း ၊ တရားမဝင် ထီထိုးခြင်းများ ပပျောက် သွားမည့် အပြင် လက်ပွေ့ရောင်းချသော အခြေခံ လူတန်းစားများ လုပ်ငန်း မပျက်စေရေး အတွက် လက်ရှိ အောင်ဘာလေထီ စနစ်ကိုလည်း တွဲဘက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် အောင်ဘာလေ ထီဥပဒေကြမ်းအား လွှတ်တော်သို့ပေးပို့ထားပြီး ဆွေးနွေးဆုံးဖြတ် အတည်ပြုခြင်းများ ပြုလုပ်ပြီးနောက် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အခွန်စနစ် ပြုပြင် ပြောင်းလဲရေး အစီအစဉ် အရ အစိုးရ အောင်ဘာလေ ထီဥပဒေ ပြဋ္ဌာန်းပြီးပါက နိုင်ငံတကာ Lottery Expert ငှားရမ်းပြီး Expert အကူအညီဖြင့် ပြည်တွင်း/ပြည်ပ ထီလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ၍ E-Lottery စနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်မည် ဖြစ်ကြောင်း ၊ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ အသုံးပြုနေသော အောင်ဘာလေ ထီစနစ်၏ အားနည်းချက်များမှာ ထီဈေးနှုန်း တည်ငြိမ်ရန် ခက်ခဲခြင်း ၊ ထီလက်မှတ်များ ရိုက်နှိပ်ရခြင်း ၊ သယ်ယူသိုလှောင် ဖြန့်ဝေရာတွင် ကုန်ကျစရိတ် များပြားခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေသိန်းထီစနစ်(Paper Lottery)သည် နှစ်စဉ် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၃၀ ခန့်ရရှိနေသော လုပ်ငန်း တစ်ခု ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.