Connect with us

Local

မြန်မာ့ထီ ဥပဒေ ပေါ်ထွက်လာရန် ထီနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပညာရှင်များမှ လွှတ်တော်သို့ တင်ပြထား

အောင်ဘာလေ ထီ ထိုးနေသူတစ်ဦး အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အနာဂတ်တွင် အွန်လိုင်းထီ စနစ် ဖော်ဆောင်ရာ၌ မြန်မာ့ထီ ဥပဒေ ပေါ်ထွက်လာရန် လိုအပ်ပြီး ယင်းဥပဒေကို ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထီနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပညာရှင်များမှ ရေးဆွဲ၍ လက်ရှိတွင် လွှတ်တော်၌ ဥပဒေ ပေါ်ထွက်လာနိုင်မှု အတွက် အတည်ပြုနိုင်စေရန် တင်ပြထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောင်ဘာလေ ထီစနစ်ကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့် အွန်လိုင်း e-lottery စနစ်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိစေရန် ရွေးချယ်မှုပြုလုပ် ရမည်ဖြစ်ကာ နိုင်ငံတကာမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး သင့်လျော်သော ပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ ယခု ဖြန့်ချိနေသော အောင်ဘာလေ ထီစနစ်သည် paper lottery စနစ်ဖြစ်ကာ သိန်း ၁,၅၀၀ ဆုမဲ အကြီးဆုံးမှ ငါးသောင်းဆုအထိ ရှိပြီး နှစ်စဉ် အက္ခရာ အလုံးရေ ၄၀ ကို ထုတ်ဝေဖြန့်ချိလျက် ရှိကြောင်း၊ ထီလက်မှတ် ဈေးနှုန်းများကို လက်ရှိ ဘဏ္ဍာနှစ် အတွင်း ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.