Connect with us

Local

ပုဂ္ဂလိကပိုင် အသေးစား စက်မှု ဥယျာဉ်အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို ့နယ်အတွင်း၌ တည်ထောင်ရန် တင်ဒါ ဖိတ်ခေါ်

ပုဂ္ဂလိကပိုင် အသေးစား စက်မှု ဥယျာဉ် (Light Industrial Park) တည်ထောင်ရန် တင်ဒါခေါ်ယူမှု ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန် အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို ့နယ်အတွင်း၌ ပုဂ္ဂလိကပိုင် အသေးစား စက်မှု ဥယျာဉ် (Light Industrial Park) တည်ထောင်ရန် လုပ်ငန်း ဆောင်ရွက်လိုသော ကုမ္မဏီ/ အဖွဲ့အစည်းအား တင်ဒါ ခေါ်ယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို ့နယ် ၊ မလစ် ကျေးရွာအုပ်စု ၊ တောင်တလုတ် ကျေးရွာ ၊ မစိုကွင်း ၊ ကွင်းအမှတ် (၄၈၂) နှင့် မလစ်ကျေးရွာ ၊ ကြာနီကန်ကွင်း ၊ ကွင်းအမှတ်(၁၁၀၇-က)နှင့်(၁၁၀၇-ခ) ရှိ မြေဧရိယာများ၏ တစ်စိတ်တစ်ဒေသတွင် ပါဝင်သည့် မြေဧရိယာ ဧက ၅၅၀ ခန့်ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှု ဥယျာဉ် တည်ထောင်ရန် လုပ်ငန်း ဆောင်ရွက်လိုသော ကုမ္မဏီ/ အဖွဲ့အစည်းသည် အဆိုပြုလွှာများကို သီးခြား စာအိတ်များဖြင့် ထည့်သွင်း၍ တင်ဒါ တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။

တင်ဒါ တင်သွင်းလိုသူများသည် မတ်လ ၁၁ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် မှတ်ပုံတင်ပြီး တင်ဒါပုံးတွင် တင်ဒါ အဆိုပြုလွှာများကို ချိတ်ပိတ် တင်သွင်းရမည် ဖြစ်ပြီး တင်ဒါ ပေးသွင်းသည့် ကုမ္မဏီ/အဖွဲ့အစည်းများ အနက် အများပိုင် ကုမ္မဏီ (Public Company) ကို ဦးစားပေး ရွေးချယ်မည် ဖြစ်ပြီး တင်ဒါ ဖွင့်ဖောက် စိစစ်မည့်ရက်ကို ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.