Connect with us

Local

နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး စီမံကိန်းအား အမေရိကန် ဒေါ်လာ ၆၂ သန်းခန့် ရင်းနှီးမြှုပ်နှံပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက် သွားမည်

ကြည့်မြင်တိုင် ဗဟို စံပြ ငါးဈေးကြီး တွင် သားငါးများရောင်းချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး Whole Sale Market စီမံကိန်းအား အမေရိကန် ဒေါ်လာ ၆၂ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၃ နှစ်အတွင်း သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်း ကွင်းအမှတ် (၄၀၄-က)ရှိ မြေဧရိယာ (၆၄.၅၄) ဧကတွင် သားငါးထုတ်လုပ် ရောင်းချနိုင်ရေး၊ လက်ကား ဖြန့်ဖြူးနိုင်ရေးအတွက် စီမံကိန်းအား အပိုင်း (၃) ပိုင်း ခွဲခြားပြီး ဦးစားပေး အနေဖြင့် Whole Sale Market (၁)လုံးနှင့် Cold Storage (၂) လုံး တို့အား ပထမဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း (၅၀၀) ကျော် ပါရှိမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အဆင့်မီ သားငါးထုတ်ကုန် ရောင်းဝယ်ရေးဈေး Whole Sale Market စီမံကိန်း ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ရေး အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (MICA) နှင့် First Golden Dragon Construction Co.,Ltd. တို့အကြား သဘောတူစာချုပ် ချုပ်ဆိုခြင်းအား ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.