Connect with us

Local

မြန်မာ့ရွှေဈေးနှုန်း သီတင်းကျွတ်ကာလ အပြီး တွင် တစ်ကျပ်သား ကျပ်၁,၀၃၉,၀၀၀ အထိမြင့်တက်လာ

ရွှေဆိုင်တစ်ဆိုင်တွင်လက်ဝတ်လက်စားဝယ်ယူနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

သီတင်းကျွတ်ကာလ အပြီး တွင် ဒေါ်လာဈေးအမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာသလိုပင် မြန်မာ့ရွှေဈေးနှုန်းကလည်း ရွှေတစ်ကျပ်သား ပေါက်ဈေးသည် ကျပ်၁,၀၂၄,၀၀၀ မှ ကျပ် ၁,၀၃၉,၀၀၀ အထိ ၅ရက်အတွင်း ကျပ်၁၅,၀၀၀ဈေးမြင့်လာခဲ့ကြောင်း သိရသည်။

မြန်မာ့ရွှေဈေးသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်ကျပ်သား ကျပ်၁,၀၂၄,၀၀၀ ရှိပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျပ်၁,၀၃၉,၀၀၀ အထိရှိလာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်အောင်စ ၁၂၃၃ ဒေါ်လာရှိပြီး ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တစ်အောင်စ ၁၂၁၆ဒေါ်လာဖြင့်ဈေးပိတ်ခဲ့သည်။

ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က “ရွှေဈေးက ဒီဈေးက အမြင့်ဈေးပြန်ဖြစ်လာတာ။ ဒေါ်လာဈေးအရမ်းတက်တုန်းက ခဏ ဒီဈေးကို နာရီပိုင်းလောက်ဖြစ်ပြီး ရွှေဈေးက ၁၀သိန်းအောက်ပြန်ကျတယ်။ အခု က ဒေါ်လာဈေးကလည်း အမြင့်ဈေးမှာ ငြိမ်နေတဲ့အတွက် ရွှေဈေးအမြင့်ဈေးပြန်ရောက်လာတာလို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ရွှေဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရွှေဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၂၁၆ ဒေါ်လာ ရှိပြီး မြန်မာ့ရွှေဈေးက တစ်ကျပ်သား ကို ကျပ် ၁,၀၃၉,၀၀၀ ဈေးဖြစ်ခဲ့သည်။ ယနေ့အောက်တိုဘာ ၃၁ ရက်နေ့ တွင် ဒေါ်လာဈေးသည် ပြင်ပဒေါ်လာဈေးကွက်တွင် တစ်ဒေါ်လာ ပေါက်ဈေး၁၅၉၅ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ဒေါ်လာပေါက်ဈေး ၁၅၆၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ပန်းပဲတန်းမြို့နယ်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ကိုမျိုးကျော်ကျော်က “ဒီဈေးက သီတင်းကျွတ်အပြီး တောက်လျှောက်တက်လာတာပေါ့။ ဒီဈေးက တော့ အမြင့်ဈေးတန်းတစ်ခုပေါ့။ တစ်ပတ်လောက်အတွင်း တက်လာတာပါ။ ကမ္ဘာ့ရွှေဈေးနှုန်းကတော့ အတက်အကျပုံမှန်ပဲရှိပါတယ်။အဓိက ဒေါ်လာဈေးက အမြင့်ဈေးမှာ ငြိမ်နေလို့ ရွှေဈေးလိုက်တက်တယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိမြန်မာ့ရွှေပေါက်ဈေးသည် လက်ရှိဒေါ်လာ ပေါက်ဈေး နှင့်တွက်ချက်ကြည့်ပါက ကျပ် ၁၀,၀၀၀ ဝန်းကျင်ခန့်ဈေးနိမ့်နေသေးကြောင်း ရွှေဝယ်ရောင်းတစ်ဦးက ပြောသည်။

ရွှေဘုံသာလမ်းရှိ ရွှေဝယ်ရောင်းတစ်ဦးက “ရွှေဈေးကအခုလောက်မြင့်ပေမယ့် ဈေးကွက်ထဲမှာ ဈေးကစားတဲ့ သူမရှိပါဘူး။ ဒေါ်လာဈေး က ၁၆၀၀ ဝန်းကျင်လောက်ပြန်ဖြစ်လာတဲ့ အတွက် ရွှေဈေးက ပြန်မြင့်လာတာပါ။ ဈေးတက်ပေမယ့် အရောင်းအဝယ်ကတော့ အေးပါတယ်။ ရွှေဈေးအတက်အကျကတော့ ဒေါ်လာ ဈေးအတက်အကျပေါ်မူတည်နေသေးတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ရွှေကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနှင့် စဉ့်ကူးမြို့နယ်မှ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်ဒေသတို့တွင် တွေ့ရှိရကြောင်း သိရသည်။ ရွှေဈေးကွက်တွင် မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးတို့နှင့် ချိန်ဆတွက်ချက်၍ မြန်မာ့ရွှေဈေးမြင့်နေချိန်တွင် ပြည်ပက ရွှေများအား ပြည်တွင်းမှ ပြန်လည်ဝယ်ယူမှုများ ရှိပြီး မြန်မာ့ရွှေဈေးနှုန်း ကမ္ဘာ့ဈေးနှုန်းထက် နိမ့်သည့်အချိန်တွင် ပြည်ပက မြန်မာ့ရွှေဈေးကွက်မှ အခေါက်တုံးများအား ပြန်လည်ဝယ်ယူကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.