Connect with us

Local

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များကိုသာ တက်ရောက် ဝယ်ယူ ခွင့်ပြုမည်

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက် ထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ရာ နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင် များကိုသာ တက်ရောက် ဝယ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ အစည်း အဝေးမှ သိရသည်။

ထိုပွဲအား နိုင်ငံတော်နှင့် အကျိုးတူ ကုမ္ပဏီများ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် လိုင်စင်ရရှိသူများ၏ ကျောက်မျက် ရတနာများကို ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ကြောင်း ၊ ပြပွဲများကို ရောင်းချသူများနှင့် ဝယ်ယူသူများအကြား သင့်တင့်မျှတသော စည်းကမ်းချက်များ သတ်မှတ်၍ ပွင့်လင်းမြင်သာစွာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကျောက်မျက်ရတနာများကို ရောင်းချရာတွင်လည်း အရိုင်း များအတိုင်း ရောင်းချခြင်းထက် ကျောက်မျက် ရတနာအချောထည်များကို ရောင်းချနိုင်ရေး ဦးစားပေး လုပ်ဆောင် ကြစေလိုကြောင်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းများ ပြည်တွင်းတွင် တိုးတက်စေရေး၊ အချောထည်ဈေးကွက်နှင့် လက်ဝတ်ရတနာ ဈေးကွက် တိုးတက် ဖြစ်ထွန်းစေရေး ၊ ကျောက်မျက်ရတနာ အချောထည် များနှင့် လက်ဝတ်ရတနာများ၏ အရည်အသွေးကို မြှင့်တင်၍ ပြည်ပဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ရေးများ ကို စီမံလုပ်ဆောင် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုင်ငံသား ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းရှင်များ ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး၊ အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ ပြည်ပသို့ တရားမဝင် ထုတ်ယူ ရောင်းချခြင်းများ တားဆီးနိုင်ရေးနှင့် တူးဖော်ရေး လုပ်ငန်းရှင်များ၏ ငွေကြေး လည်ပတ်မှုကို အထောက်အကူ ဖြစ်စေနိုင်ရေးတို့ကို ရည်ရွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.