Local
မြန်မာ နှင့် ထိုင်းနိုင်ငံအကြား အရည်အချင်းပြည့်ဝသော အာဆီယံဘဏ်များ ထူထောင်ရန် လက်မှတ်ရေးထိုး
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် နှင့် ထိုင်းဗဟိုဘဏ် (Bank of Thailand -BoT) မှဥက္ကဋ္ဌ ဒေါက်တာ ဗီယာထိုင်း ဆန်တီပယာဟော့ဖ်(Dr.VeerathaiSantiprabhob)တို့သည် မြန်မာ နှင့် ထိုင်းနိုင်ငံအကြား အရည်အချင်းပြည့်ဝသော အာဆီယံဘဏ်များ (Qualified ASEAN Banks -QABs) ထူထောင်ရန် နေပြည်တော်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သည်။
အဆိုပါသဘောတူညီချက်သည် မြန်မာ နှင့် ထိုင်း အနာဂတ်နှစ်နိုင်ငံ ဆက်ဆံရေးတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း သိရသည်။
၎င်းသဘောတူည်ီချက်သည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘဏ်စနစ်ပေါင်းစည်းခြင်းမူဘောင် တွင် ပထမဆုံး စတင်ပါဝင်ခြင်းဖြစ်ကြောင်း၊ ဤဆောင်ရွက်ချက်သည် ဒေသတွင်းအာဆီယံဘဏ် နှင့် အခြားဘဏ်လုပ်ငန်းများ လုပ်ငန်းပေါင်းစပ်လည်ပတ်ခြင်းအတွက် အခြေခံကျသည့် အချက်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျသည့် ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ QABs တည်ထောင်ခြင်းသည် မြန်မာ နှင့် ထိုင်းနိုင်ငံအကြား အရေးပါသည့်အဆင့်တစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများတိုးတက်ခြင်း၊ အခြေခံအဆောက်အအုံများဖွံ့ဖြိုး တိုးတက်ခြင်း၊ ငွေကြေးကဏ္ဍတိုးတက်ခြင်း များ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ (Xinhua)