Connect with us

Local

နွေစပါး ဧက၂ ဒသမ ၈ သန်းကို တစ်နိုင်ငံလုံးအတိုင်းအတာ စိုက်ပျိုးရန် လျာထား

နေပြည်တော်ရှိ လယ်ကွင်း၌ တောင်သူတစ်ဦး စပါးစိုက်ပျိုးနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နွေစပါး စိုက်ပျိုးဧက၂ ဒသမ ၈ သန်း စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် နွေစပါး ဧက ၄ဝဝဝဝ ကျော် စိုက်ပျိုးထားပြီး နွေစပါးးအများဆုံးစိုက်ပျိုးသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကာ ရေအလုံအလောက် ပေးဝေမှုအပေါ် အခြေခံကာ စိုက် ပျိုးကြခြင်း ဖြစ်သည်။
နွေစပါးများသည်သက်တမ်း ရက် ၁၂ဝ ခန့်ရှိ သက်တမ်းတိုမျိုးများ ဖြစ်ကာ အပူချိန်ကြောင့် သက်တမ်း ပိုတိုမည်ဖြစ်၍ ၁၁ဝ၊ ၁၁၅ ရက်သားနှင့်ပင် ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ မိုးစပါးစိုက်ဧက ၁၇ သန်း စိုက်ပျိုးပြီးပါက နှစ်စဉ် နွေစပါးဧကနှစ်သန်းကျော် စိုက်ပျိုးပြီး နွေစပါး တစ်ဧကလျှင် တင်း ၁ဝဝ မှ ၁၅ဝ ကြားထွက်ရှိသော်လည်း ဆည်ရေပေးဝေမှု မလုံလောက်၍ ဧကများစွာ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ရိတ်သိမ်းခါနီးအချိန်တွင် ဆည်ရေခန်းခြောက်မှုများကြောင့် စပါးမအောင်ခြင်းများ လည်း တွေ့ကြုံနေရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.