Connect with us

Local

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်များကို စုပေါင်းယာဉ်လိုင်းစနစ် ပြုလုပ်ပြီး ယာဉ်အသစ်များ အစားထိုးမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များကို အများပိုင် စုပေါင်းယာဉ်လိုင်းစနစ် ပြုလုပ်ပြီးပါက လက်ရှိ ယာဉ်အဟောင်းများ နေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယင်း ရန်ကုန်မြို့တွင်း စုပေါင်းပြေးဆွဲသော အများပိုင်ယာဉ်လိုင်း စနစ်ကို ယခုနှစ် စက်တင်ဘာလတွင် စတင်ပြောင်းလဲရန် လျာထားပြီး အဆိုပါပြောင်းလဲရာတွင် ယာဉ်အဟောင်းများကို ယာဉ်အသစ်များဖြင့် လဲလှယ်ရန်အတွက် ယာဉ်ပိုင်ရှင်များ အဆင်ပြေ စွာ ပြောင်းလဲ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အများပိုင်ယာဉ်လိုင်းများတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်မည့်သူများ အနေနှင့် သတ်မှတ်ထားသော ယာဉ်မောင်း လိုင်စင် အနီ/အနက် မခွဲခြားဘဲ သတ်မှတ်ထားသော သင်တန်းတက်ရောက် ပြီးစီးပါက ယင်းယာဉ်လိုင်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိစေမည့်စနစ် ကျင့်သုံးရန်ရှိကြောင်း၊ အများပိုင်အဖြစ် စုပေါင်းပြေးဆွဲကြရန် ယာဉ်ပိုင်ရှင်အများစုက လက်ခံ သဘောတူထားကြသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းအရေအတွက် လျှော့ချခြင်းမှာ ယာဉ်အစီးရေ လျှော့လိုက်ခြင်း မဟုတ်ဘဲ လမ်းကြောင်းတူ ပြေးဆွဲနေသော ယာဉ်လိုင်းများကို လိုင်းနံပါတ်တစ်ခုတည်းအဖြစ် ပြောင်းလဲပြေးဆွဲစေသည့် စနစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.