Connect with us

Local

နေပြည်တော်တွင် ကျင်းပမည့် ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲတွင် အသင်းဝင် ရတနာကုန်သည်များ အတွက် ဝန်ဆောင်မှု ပေးမည့် ပုဂ္ဂိုလ်များအား အာမခံ စပေါ်ငွေ ကင်းလွတ်ခွင့် ပြုမည်

၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် အသင်းဝင် ရတနာကုန်သည်များ အတွက် ဝန်ဆောင်မှုပေးမည့် ပုဂ္ဂိုလ်များအား အာမခံ စပေါ်ငွေ ကင်းလွတ်ခွင့်ပြုမည့် ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

နေပြည်တော်တွင် ကျင်းပမည့် ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲတွင် အသင်းဝင် ရတနာကုန်သည်များ အတွက် ဝန်ဆောင်မှု ပေးမည့် ပုဂ္ဂိုလ်များအား အာမခံ စပေါ်ငွေ ကင်းလွတ်ခွင့် ပြု၍ ပြပွဲ တက်ရောက်ရန် ခွင့်ပြုကြောင်း မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်ခု ထုတ်ပြန်ထားကြောင်း၊ ၎င်းကြေညာချက်ထဲတွင် ၅၃ ကြိမ်မြောက် ရတနာပြပွဲတွင် အသင်းဝင် ရတနာကုန်သည်များ အတွက် ဝန်ဆောင်မှုပေးမည့် ပုဂ္ဂိုလ်များအား အာမခံ စပေါ်ငွေ ကင်းလွတ် ခွင့်ပြု၍ ဝင်ကြေးငွေ ပေးသွင်းပြီး ပြပွဲ တက်ရောက်ခွင့်ပြုရန် ပြည်ပ ကျောက်စိမ်း အသင်းအဖွဲ့များက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းက တဆင့် တင်ပြလာကြောင်း၊ ထို့ကြောင့် ဇွန်လ ၈ ရက်တွင် ကျင်းပသည့် ပြပွဲ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးက အဆိုပါကိစ္စနှင့် ပတ်သက်၍ ခွင့်ပြု ဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ပါရှိသည်။
ကုန်သည် ၁,၀၀၀ ဦးနှင့် အထက်တွင် ၁၀ ဦး၊ ကုန်သည် ၅၀၀ ဦး နှင့် အထက်တွင် ၅ ဦး၊ ကုန်သည် ၁၀၀ ဦး နှင့် အထက်တွင် ၃ ဦး၊ ပြည်ပ အသင်းအဖွဲ့ ၁ ခုလျှင် ၂ ဦးအား ခွင့်ပြုပေးမည်ဟု သိရသည်။ ၎င်းပြပွဲအား ဇွန်လ ၂၄ ရက် မှ ဇူလိုင်လ ၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.