Connect with us

Local

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက် ရတနာ ၆,၉၃၉ တွဲ ပြသရောင်းချ

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတုံးများအား ရတနာ ကုန်သည်များက ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ယနေ့ ဇွန်လ ၂၄ ရက်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၆,၀၆၂ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၅၁၂ တွဲ ၊ ပုလဲ အတွဲပေါင်း ၃၆၅ တွဲ စုစုပေါင်း ၆,၉၃၉ တွဲ ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း ပြပွဲမှ သိရသည်။

ပြပွဲတွင် ကျောက်စိမ်း အတွဲ ၊ ကျောက်မျက် အတွဲနှင့် ပုလဲ အတွဲများကို တင်ဒါစနစ် ၊ ဈေးပြိုင် စနစ်တို့ဖြင့် ဇူလိုင်လ ၆ ရက် အထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်း အတွဲများအနက် ၅,၈၉၆ တွဲကို ဇွန်လ၂၈ ရက်မှ ဇူလိုင်လ ၃ ရက်အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လည်းကောင်း ၊ ၁၆၆ တွဲကို ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ ဈေးပြိုင် စနစ်ဖြင့် လည်းကောင်း တင်ပြ ရောင်းချသွားမည် ဖြစ်ပြီး အခြေခံဈေး ယူရိုငွေ ၄,၀၀၀ မှ ၂၀၀,၀၀၀ ထိ သတ်မှတ်သည့် ကျောက်စိမ်း အတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် လည်းကောင်း ၊ အခြေခံဈေး ယူရိုငွေ ၂၀၀,၀၀၁ နှင့် အထက် သတ်မှတ်သည့် ကျောက်စိမ်းတွဲများကို ဈေးပြိုင် စနစ်ဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတုံးများအား ရတနာ ကုန်သည်များက ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာများအား ကြည့်ရှုလေ့လာစဉ် (ဆင်ဟွာ)

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ပုလဲများအား တွေ့ရစဉ် (ဆင်ဟွာ)

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာ အချောထည် အရောင်းဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာ့ ပုလဲအတွဲပေါင်း ၃၆၅ တွဲအနက် ဇွန်လ ၂၅ ရက် နှင့် ဇွန်လ၂၆ ရက်နေ့များတွင် ပုလဲ အတွဲ ၃၃၈ တွဲကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် လည်းကောင်း ၊ ပုလဲ အတွဲ ၂၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်မျက် အတွဲပေါင်း ၅၁၂ တွဲအနက် ဇွန်လ ၂၇ ရက်တွင် ကျောက်မျက်အတွဲ ၃၅၃ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း ၊ ကျောက်မျက်အတွဲ ၁၅၉ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲသို့ ပြည်ပ နိုင်ငံ (၅) နိုင်ငံနှင့် ပြည်တွင်းမှ ရတနာကုန်သည် ၃,၃၈၂ ဦး တက်ရောက်ရန် စာရင်းပေးထားပြီး ပြည်ပနိုင်ငံ ၅ နိုင်ငံ အနက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ရတနာ ကုန်သည် ၁,၉၄၂ ဦး နှင့် ပြည်တွင်းမှ ရတနာကုန်သည် ၁,၄၀၉ ဦး ပါဝင်ကြောင်း သိရသည်။
ယခု ကျင်းပပြုလုပ်သော ပြပွဲသို့ ရတနာကုန်သည် ဝင်ရောက်မှုမှာ ပထမနေ့ ဖြစ်သည့်အတွက် နည်းပါးနေသေးကြောင်း ယခုနှစ်တွင် ပြသထားသည့် ကျောက်စိမ်းအတွဲများသည်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုနည်းပါးကြောင်း ပြပွဲသို့ တက်ရောက်လာသည့် ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည်များက ဆင်ဟွာသို့ ပြောသည်။
မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ၁,၉၆၄ ခုနှစ်မှ စတင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.