Connect with us

Local

ကုန်စည် ၁၅ဝ ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုကြောင်း စီးပွားကူးသန်းထုတ်ပြန်

တင်သွင်းလာသည့် ကုန်ပစ္စည်းသေတ္တာများအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည် အမျိုးအမည်ပေါင်း ၄၁ဝဝ ကျော်အနက် ကုန်စည် ၁၅ဝ ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့သည်။

ယခုဖြေလျှော့ လိုက်သည့် ကုန်စည်များတွင် ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ် အမွှေးအကြိုင်များ၊ ရော်ဘာနှင့် ရော်ဘာဆက်စပ် ပစ္စည်းများ၊ အလူမီနီယမ်နှင့် ဆက်စပ် ပစ္စည်းများ၊ ခဲသတ္တုနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ရထား စက်ခေါင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် များနှင့် ဆက်စပ် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအား ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုးတို့ကို လိုင်စင် လျှောက်ထားရန် မလိုဘဲ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်ခွင့်ပြု ထားသဖြင့် ကုန်သွယ်မှုလုပ်ငန်း ပိုမိုမြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေ ပြခြင်းကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.