Local
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ငါးလပတ် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၂၁၉၄. ၃၁ သန်းရှိ

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ငါးလပတ် အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၂၁၉၄. ၃၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်း အဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂,၈၃၅ .၉၅ သန်း၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၇၆၈.ဝ၂ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄,၆ဝ၃. ၉၇ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅,၇၅၁.၇၇ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,ဝ၄၆ . ၅၁ သန်းနှင့် စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆,၇၉၈.၂၈ သန်းဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁,၄ဝ၂ . ၂၅ ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၂,၁၉၄.၃၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် သြဂုတ်လ အတွင်းတွင် မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၃၃.ဝ၉ သန်း၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ဝ၈ . ၅ဝ သန်း နှင့် စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၄၁. ၅၉ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ဝ၅ဝ. ၉၄ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၂ဝ၈. ၈၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂၅၉ .၇၇ သန်းဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် သြဂုတ်လ အတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၃၁၈ .၁၈ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)