Connect with us

Local

၂၀၁၄-၂၀၁၅ ခုနှစ်တွင် ငါးပုစွန်များကို မက်ထရစ်တန်ချိန် ၃၃၈ တန်ကျော် အား ပြည်ပသို့တင်ပို့နိုင်ခဲ့

စံပြဈေးရှိ ငါးများကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၂ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ ငါးပုစွန်များအား နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့လျက်ရှိပြီး ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃၃၈.၂၉၀.၅၈၆ တန်အား ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်၏ စာရင်းအရ ကွန်တိန်နာအလုံးရေ ၅၄၁၀ တင်ပို့နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နေသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ရုံပေါင်း ၁၁၆ ရုံရှိပြီး၊ ၁၁၃ ရုံမှာ ပုံမှန် ပြုပြင်ထုတ်လုပ်တင်ပို့မှု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပမှ ငါး/ပုစွန်များ တင်သွင်း၍ လက်ခံရယူထုတ်လုပ်တင်ပို့နေသော လက်ခစားစနစ် အား စက်ရုံ ၁၃ ရုံကို ခွင့်ပြုပေးခဲ့ပြီး၊ လက်ခစားစနစ်ဖြင့် ပြန်လည်တင်ပို့သည့် မက်ထရစ်န်ချိန်ပေါင်း၁.၈၃၄.၈၀၇၂၅ ကို ပြန်လည်တင်ပို့နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

၂၀၁၃-၂၀၁၄ ခုနှစ် ၃၄၅.၂၆၇.၃၆၃ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၄- ၂၀၁၅ ခုနှစ် က ၂၀၁၃- ၂၀၁၄ ခုနှစ် ထက် ၉၆၇၆.၇၇၇ တန်လျှော့နည်းခဲ့သည်။ (Xinhua)