Connect with us

Local

မြန်မာခရီးသွား လုပ်ငန်းကဏ္ဍမှ အခွင့်အလမ်းကောင်းများကို အသုံးချပြီး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အရှိန်အဟုန် မြှင့်တင်ရန် အစိုးရအတွက် အရေးပါ

World Tourism Day အခမ်းအနားတွင် ဒုသမ္မတဦးဥာဏ်ထွန်းမိန့်ခွန်းပြောနေစဉ် (Hotel and Tourism Page)

နေပြည်တော် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့(World Tourism Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်း ဗဟိုဌာန(၂)၌ ကျင်းပ ပြုလုပ်ရာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း အပါအဝင် အစိုးရဝန်ကြီးများ ၊ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိက်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ သံအမတ်ကြီးများ ၊ ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍမှ အခွင့်အလမ်းကောင်းများကို အသုံးချပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှ အရှိန်အဟုန် မြှင့်တင်ရန် မြန်မာနိုင်ငံ အစိုးရအတွက် အရေးပါလာပါကြောင်း ၊ မြန်မာနိုင်ငံကို မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်များမှ ပြန်လည်ထူထောင်ရေး ၊ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွား လုပ်ငန်းနှင့် ယင်းအပေါ် သက်ရောက်နိုင်သော အန္တရာယ် အားလုံးကို လျော့ကျစေမည့် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်းအားဖြင့် အခွင့်အလမ်း သန်းပေါင်းများစွာ ဖန်တီးပေးမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု တို့ကို ပုဂ္ဂလိက ကဏ္ဍ ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ပူးတွဲ လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ အထူးလှုပ်ရှားမှု အစီအစဉ်တွင် အားလုံး ပါဝင်ကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနား၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် Mr.Ban Ki-moon ၏ သဝဏ်လွှာကို UNDP မှ ဌာနေ ညှိနိူင်းရေးမှူး ကိုယ်စား Mr.Bertrand Bainvel က ဖတ်ကြားရာတွင် အားလုံး ပါဝင်ခံစားနိုင်မည့် စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးရန် ၊ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရန် ၊ ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်သွားရန်နှင့် ဂုဏ်သိက္ခာရှိသည့် ဘဝတစ်ခုကို လူသားအားလုံး ပိုင်ဆိုင်ခွင့် ရရန်အတွက် ခရီးသွားလုပ်ငန်း၏ ကြီးမားသော စွမ်းပကားကို ဝိုင်းဝန်းမြှင့်တင်ကြ ရန် တိုက်တွန်း လိုက်သည်။

ထိုနောက် UNWTO အထွေထွေ အတွင်းရေးမှူးချုပ် Dr.Taleb Rifai ၏ သတင်းစကား ရုပ်/သံ အား ဗီဒီယိုဖြင့် ပြသခြင်းများ ပြုလုပ်ပြီးနောက် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ၊ နှစ်လိုဖွယ်ရာ ပြည်မြန်မာ ခေါင်းစဉ်ဖြင့် ခရီးစဉ် ဒေသနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ၊ ဝန်ဆောင်မှု စွမ်းရည် အကောင်းဆုံးဆု ရရှိသော ဟိုတယ်များ(ဖက်စပ်/တိုင်းရင်းသားပိုင်) ၊ ခရီးသွား ကုမ္ပဏီများ (ဖက်စပ်/တိုင်းရင်းသားပိုင်)များအား ဆုချီးမြှင့်ခြင်း တို့ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.