Local
၂၀၁၄ ဧပြီလမှ ဒီဇင်ဘာလအထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းသုံးထောင်ကျော်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးအနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းသုံးထောင် ကျော်ခဲ့ကြောင်း ပို့ကုန်သွင်းကုန် အစီရင်ခံစာ အရသိရသည်။
၂၀၁၄-၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းမြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄၂ ဒဿမ ၀၀ သန်း ၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃၂ ဒဿမ ၃၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၇၄ ဒဿမ ၃၄ သန်းဖြစ်ပြီး၊ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,၁၄၁ ဒဿမ ၈၅ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၂၃၀ ဒဿမ ၇၂ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,၃၇၂ ဒဿမ ၅၇ သန်း ဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ် ဒီဇင်ဘာ အတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၄၉၈ ဒဿမ ၂၃ သန်း ဖြစ်ပေါ်ခဲ့သည်။
၂၀၁၄-၂၀၁၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာအထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅,၅၁၉ ဒဿမ ၇၉ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃,၂၁၈ ဒဿမ ၉၃ သန်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈,၇၃၈ ဒဿမ ၇၂ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀,၄၉၇ ဒဿမ ၉၀ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂,၂၁၄ ဒဿမ ၆၃ သန်း ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်း စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၃,၄၇၅ ဒဿမ ၉၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။ (Xinhua)