Connect with us

Local

မြန်မာအလုပ်သမားများ ထိုင်းတွင်နေ့ချင်းပြန် တရားဝင် အလုပ်လုပ်နိုင်မည်

ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်နေရာတွင် အလုပ်သမားများကုန်ပစ္စည်းများသယ်ပို့နေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိဆိပ်ကမ်းတစ်နေရာတွင် အလုပ်သမားများကုန်ပစ္စည်းများသယ်ပို့နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိအထူးစီးပွားရေးဇုန် (၁၂) ခုတွင် မြန်မာနိုင်ငံမှ အလုပ်သမားများ နေ့ချင်းပြန် တရားဝင် သွားရောက်ပြီး အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ဘန်ကောက် တွင် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကျင်းပသော အထူးစီးပွားရေးဇုန် အလုပ်သမား စီမံခန့်ခွဲရေး ဆွေးနွေးပွဲ၌ ပထမဆုံး နမူနာအဖြစ် ဖွင့်လှစ်မည့် တာ့ခ်ခရိုင် အထူးစီးပွားရေးဇုန် တွင် တစ်ဘက်နိုင်ငံက လုပ်သားများ တရားဝင် လာရောက် လုပ်ကိုင်နိုင်ရေး၊ နယ်စပ် ဖြတ်ကျော်မှု ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေး နှင့် ဥပဒေရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ချင်းရိုင်းခရိုင်၊ ဆရကျောဝ့်၊ တရတ်၊ မုဒ်တာဟန်၊ ဆုန်ခလာ၊ နခွန်းဖနုန်၊ နောင်ခိုင်း၊ ကန်ကျနပူရီ နဲ့ နရသီဝပ်တို့တွင် အထူး စီးပွားရေး ဇုန်များကို ဖွင့်လှစ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် တစ်ဘက်ခြမ်းမှ တာ့စ်၊ မူဒါဟန်၊ ဆွန်ခလာ၊ ထရပ်နှင့် ဆာကယောက် မြို့မှ မနက်ပိုင်းကားနှင့် လာရောက် လုပ်ကိုင်ပြီး ညနေတွင် မိမိနိုင်ငံသို့ ပြန်နိုင်အောင် ရွှေ့ပြောင်းအလုပ်သမားများကို ခွင့်ပြုမည်ဖြစ်သည်။

အလုပ်သမားများ၏ လုပ်အားခ၊ အကျိုုးခံစားခွင့်၊ နေရေးထိုင်ရေးများကို လုပ်ဆောင်ပေးမည် ဖြစ်ပြီး အာဆီယံ စီးပွားရေး အသိုင်းအဝန်း အတွက် ပြင်ဆင်မှု တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.