Connect with us

Local

6th Gems and Jewellery Summit က ဆုံးဖြတ်ချက် သုံးရပ် ချမှတ်နိုင်ခဲ့ဟု ဆို

6th AEC + 8 Summit သတင်းစာရှင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်ဝင်း နှင့် အဖွဲ့ က ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အိမ်ရှင်အဖြစ် ပြုလုပ်သည့် 6th Gems and Jewellery Presidents’ Summit ပွဲအား နေပြည်တော် MICC II ၌ သြဂုတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပခဲ့ရာ အဆိုပါ ပွဲက သဘောတူ ဆုံးဖြတ်ချက် သုံးရပ် ချမှတ်နိုင်ခဲ့သည်ဟု ၎င်း Summit ပွဲဖြစ်မြောက်ရေး စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌ (၅) ဒေါက်တာ အောင်ကျော်ဝင်း က ယနေ့ညနေပိုင်း သတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

“ပထမ ဆုံးဖြတ်ချက်က ဒီ Summit ကို founding လုပ်ခဲ့တဲ့ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံက founding Presidents တွေကို ဂုဏ်ထူးဆောင် ဥက္ကဋ္ဌများ (honorable presidents) အဖြစ် သတ်မှတ်ပြီး နောင်ဆက်လုပ်မယ့် Summit တွေမှာ ဖိတ်ကြားသွားဖို့ပါ၊ ဒုတိယ အချက်က လာမယ့် ၂၀၁၈ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Gems and Jade Exchange မှာ ကျင်းပဖို့ပါ၊ တတိယ အချက်က — ဒီ Summit ကြီးကို ကျင်းပတာ ခြောက်ကြိမ် ရှိလာပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးရဲ့ President တွေ ရှိနေပေမယ့် ဒီ Summit ကြီး တစ်ခုလုံးရဲ့ Chair Person က မရှိသေးဘူး — ရှိဖို့ လိုအပ်တယ်၊ ရှိမှ Summit တွေ လုပ်တိုင်း လုပ်တိုင်း Summit ရဲ့ ရည်မှန်းချက်တွေကို အဖြေတစ်ခုရအောင် လုပ်ဖို့က AEC + 8 တစ်ခုလုံးရဲ့ Chair Person လိုပါတယ်။ Summit မှာ တကယ်ကို ဆုံးဖြတ်နိုင်၊ အကောင်အထည်ဖော်နိုင်မယ့် လူတစ်ယောက်ကို chair Person အဖြစ် ရွေးချယ် ဆုံးဖြတ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံ Gem and Jewellery traders Association ၏ ဥက္ကဋ္ဌဖြစ်သော Mr. Suttipong Damrongsakul ကို ၂၀၁၇ – ၂၀၁၈ နှစ်နှစ်တာအတွက် AEC + 8 တစ်ခုလုံး၏ Chair Person အဖြစ် ရွေးချယ်လိုက်ကြောင်းလည်း ၎င်းက ပြောသည်။

ယခု Summit ကို ၂၀၁၂ ခုနှစ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင် ကျင်းပခဲ့ပြီး ၂၀၁၃၊ ၂၀၁၄ ခုနှစ်အထိ ကျောက်မျက်အချောထည်ကဏ္ဍ၌ ကမ္ဘာ ပေါ်တွင် ရှေ ့တန်း ရောက်နေသည့် နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံမှာပင် သုံးနှစ် ဆက်တိုက် ကျင်းပခဲ့ကြောင်း၊ ၂၀၁၅ တွင် မလေးရှားနိုင်ငံက အိမ်ရှင် အဖြစ် လုပ်ပြီး ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကာ ၂၀၁၆ တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့က ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၁၇ တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံး ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု ပွဲသို့ နိုင်ငံခြားမှ ရတနာကုန်သည် တစ်ရာကျော်၊ ပြည်တွင်း ရတနာ ကုန်သည် နှစ်ရာကျော် — စုစုပေါင်း ၃၅၄ ဦးနှင့် ပြည်တွင်းမှ ဘူမိဗေဒပညာရှင်များအပါအဝင် တက်ရောက်သူပေါင်း ရှစ်ရာခန့်ရှိသဖြင့် အောင်မြင်သော Summit ပွဲကြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.