Connect with us

Local

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)မှ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ သန်း ၅၀ နှုန်းထုတ်ယူနိုင်

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့တူးဖော်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုသည် တစ်နေ့လျှင် ကုဗပေ သန်း ၅၀ နှုန်းရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကမ်းလွန်လုပ်ကွက် အမှတ် A(6)တွင် အကဲဖြတ်တွင်း ပြည်သစ်(၁)ကို ဇွန်၁၀ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ဇူလိုင် ၁၅ရက်တွင် ရည်မှန်းအနက် ၄၅၇၀ မီတာအထိတူးဖော်ခဲ့ရာ အနက် ၃၅၄၂ မီတာတွင်သဘာဝဓာတ်ငွေ့ခိုအောင်းနေသော အသားတင်ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၃၅ မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုစမ်းသပ်ခြင်း (Drill Stem Test)ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့တစ်နေ့လျှင် ကုဗပေ သန်း ၅၀နှုန်းထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)တွင် MPRL E&P ကုမ္ပဏီမှရင်းနှီးမြှုပ်နှံမှု၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ WoodsideEnergy(Myanmar)Pte.,Ltd မှ ၄၀ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar ကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်းအချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကိုအကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အကဲဖြတ်တွင်း ပြည်သစ်(၁)ကို လုပ်ကွက် A(6)၏ တတိယမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၉၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် ၂၀၀၁ မီတာနေရာတွင် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လုပ်ကွက်အမှတ် A(6)တွင် ရှာဖွေရေးတွင်း/အကဲဖြတ်တွင်းများ ဆက်လက်တူးဖော်သွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ခိုအောင်းမှုပမာဏသည် စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်းတွေ့ရှိပါက Development လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.