Connect with us

Local

ကျောက်မျက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာအဆင့်မီ ရတနာဒီဇိုင်းများ ထုတ်လုပ်ရန် ဝန်ကြီး တိုက်တွန်း

6th AEC + 8 Summit တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ကျောက်မျက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာအဆင့်မီ ရတနာ ဒီဇိုင်းများ ထုတ်လုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် MICC II ၌ ကျင်းပခဲ့သည့် 6th AEC + 8 Gems and Jewellery Presidents’ Summit တွင် တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၀ ခုနှစ်မှာ အလုပ်လုပ်ကိုင်နိုင်သူဦးရေ ပိုမို မြင့်မားလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့ရဲ့ လုပ်ငန်းတွေမှာ လူငယ်များ အလုပ်လုပ်ကိုင်စေခြင်းဖြင့် အလုပ်လက်မဲ့ ဦးရေ လျှော့ချခြင်းနဲ့ ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်းကို ဖြေရှင်းပေးရာ ရောက်မှာ ဖြစ်တဲ့အတွက် ကျွမ်းကျင် လုပ်သားများ ပေါ်ပေါက်စေဖို့ အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါတယ်။ ဒီ ဆွေးနွေးပွဲကြီးမှာ မိမိတို့ရဲ့ ကျောက်မျက်လုပ်ငန်းတွေမှာ Value added ရတနာများကို ကမ္ဘာ့ ညအဆင့်မီ ဒီဇိုင်းများ တီထွင်ကြံဆ ထုတ်လုပ်ကြဖို့၊ လူငယ်များ အလုပ်အခွင့်အလမ်းတွေ ရရှိစေဖို့စတဲ့ Supply Chain တစ်ခုလုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဆွေးနွေးနိုင်ကြပါစေလို့ ဆုတောင်း ပါတယ်” ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

6th AEC + 8 Summit တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

6th AEC + 8 Summit တွင် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

6th AEC + 8 Gems and Jewellery Presidents’ Summit အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

6th AEC + 8 Gems and Jewellery Presidents’ Summit အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

6th AEC + 8 Gems and Jewellery Presidents’ Summit အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

6th AEC + 8 Gems and Jewellery Presidents’ Summit အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

အာဆီယံနိုင်ငံများတွင် ကျောက်မျက်ရတနာ လုပ်ငန်း ကဏ္ဍ ထုတ်လုပ်ရောင်းချမှုများ၌ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး ကုန်သွယ်မှုနှင့် ထုတ်လုပ်ရောင်းချမှုကဏ္ဍကို အားပေး မြှင့်တင်ခြင်း ရည်ရွယ် ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အာဆီယံကို တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု ယန္တရားအတွက် ဗဟိုအချက်အချာ ဖြစ်လာတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်နှင့် အခွင့်အလမ်းများ ရရှိစေရေးအတွက် စီးပွားရေး ညှိနှိုင်းမှုများ၊ အကောင် အထည်ဖော် ဆောင်ရွက်မှု ယန္တရားအသစ်များ ချမှတ် ဆောင်ရွက်သွားမှုများနှင့်အညီ ဒေသတွင်း ပို့ကုန် သွင်းကုန် ထုတ်လုပ်မှု လုပ်ငန်းများ စွမ်းရည်မြင့်မားရေး၊ စံချိန်စံညွှန်း နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း လွယ်ကူပြီး တူညီမျှတမှု ရှိရေး အစရှိသည့် အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှု ရည်မှန်းချက်များနှင့် အညီ ထုတ်လုပ် ရောင်းဝယ်မှု လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အာဆီယံ၏ Single Market ဈေးကွက်ကြီးအတွက် အဓိက မဏ္ဍိုင် အဖြစ် အလားအလာကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ယခု 6th AEC + 8 Gems and Jewellery Presidents’ Summit ကို ကျင်းပရခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောခဲ့သည်။

အဆိုပါပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိူယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ သံရုံးများမှ စီးပွားရေး ကောင်စစ်ဝန်များ၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကျောက်မျက် လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းခွဲများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမကြီးများ၊ ကျောက်မျက်ပညာ သင်တန်းမှ ဆရာ ဆရာမများနှင့် သင်တန်းသူ သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.